Breaking News

ကိုယ်လက်နှီးနှောဖို့ ငြင်းဆန်တဲ့ အမျိုးသမီးကို ခုတ်ထစ်သတ်ဖြတ်ပြီး အက်ဆစ်နဲ့ ဖျော်ပစ်တဲ့ အမျိုးသား


Loading...

အမျိုးသားတစ်ဦးဟာ လူမှုကွန်ယက် အက်ပလီကေးရှင်းတစ်ခုကတဆင့် အပြင်မှာ တွေ့ဆုံခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ခုတ်ထစ်သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
Tinder လူမှုကွန်ယက်အက်ပလီကေးရှင်းကတဆင့် တွေ့ဆုံခဲ့တဲ့ အမျိုးသမီးဟာ အပြင်မှာ တွေ့စဉ်မှာ ကိုယ်လက်နှီးနှောဖို့ ငြင်းဆိုခဲ့တာကြောင့် ဗဲလ်ဒက်ဇ်ဘိုကာနီဂရာဆိုသူ အမျိုးသားဟာ အဆိုပါအမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း စွပ်စွဲခံထားရတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ခုတ်ထစ်သတ်ဖြတ်ခဲ့ရုံသာမက သေဆုံးသွားတဲ့ အလောင်းကို ရေချိုးကန်ထဲထည့်ပြီး အက်ဆစ်နဲ့စိမ်ကာ ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။
ကျန်ရှိတဲ့ အရိုးစုက တွေ့ရတဲ့ အသားအစတွေနဲ့ ပျောက်ဆုံးနေသူ ရက်သ်အီဘာရာရဲ့ DNA တိုက်ဆိုင်စစ်ဆေးတဲ့အခါ ထပ်တူကျနေတဲ့ အတွက် အီဘာရာ သေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ အီဘာရာရဲ့ ကျန်ရှိတဲ့ အဝတ်အစားအချို့ကို လီယွန်မြို့လယ်က တိုက်ခန်းတစ်ခုအတွင်းတွေ့ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ မက္ကဆီကိုနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ သူမပျောက်ဆုံးသွားပြီးနောက် သူမအကြောင်းကို သူငယ်ချင်းတွေနဲ့ မိသားစုတွေက စုံစမ်းခဲ့ကြရာကတဆင့် အီဘာရာဟာ Tinder အက်ပလီကေးရှင်းအသုံးပြုပြီး အဆိုပါအမျိုးသားနဲ့ အပြင်မှာတွေ့ခဲ့တာဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
Loading...