တံတားဦး မြို့မအထက်တန်းကျောင်း၌ ကျောင်းသားချင်း ဓားထိုးမှုဖြစ်၊ တစ်ဦး သေဆုံး

_________________________________________________________
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အတွင်းရှိ တံတာဦး မြို့မအထက်တန်းကျောင်း၌ စာသင်ခန်းအတွင်း၌ ကျောင်းသားချင်း စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း တံတားဦး မြို့မရဲစခန်းထံမှ သိရသည်။

“ဆယ်တန်းကျောင်းသားချင်း စာသင်ခန်းထဲမှာ စရင်းနောက်ရင်း စိတ်တိုဒေါသထွက်ပြီး ဓားထိုးမှု ဖြစ်တာပါ၊ အပြင်မှာ ချိန်းပြီး ဖြစ်ကြတာ မဟုတ်ပါဘူး” ဟု မြို့မရဲစခန်းမှ တာဝန်ရှိကျ အရာရှိတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က တက္ကသိုလ်ဝင်တန်း အခန်းအမှတ် (C) မှ ကျောင်းသားများ ဖြစ်ကြသည့် မောင်အောင်ခိုင်ဖြိုးဦး (အသက် ၁၇ နှစ်) နှင့် မောင်သန်းထိုက်အောင် (အသက် ၁၈ နှစ်) တို့ နှစ်ဦး စနောက်ရာမှ စကားများ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ စကားများကြရာမှ မောင်အောင်ခိုင်ဖြိုးက ဓားဖြင့် မောင်သန်းထိုက်အောင်ကို ထိုးခဲ့ရာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း တံတားဦး မြို့မရဲစခန်းထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်ပြီး မောင်အောက်ခိုင်ဖြိုးဦးအား (ပ) ၃၀၀/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း တံတားဦး မြို့မရဲစခန်းထံမှ သိရသည်။
http://thevoicemyanmar.com/news/4471-ttu
Loading...