Breaking News


သံတူးရွင်းဖြင့် အရိုက်ခံရ၍ သက်တော် ၈၄ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ပျံလွန်


Loading...

မကွေးတိုင်း၊ ဂန့်ဂေါ ခရိုင်ကျောက်ထုမြို့နယ်ခွဲရှိ သရက်ချဉ်ကျေးရွာတွင် သက်တော် (၈၄) နှစ်အရွယ် ကျောင်းထိုင်ဆရာတော်တစ်ပါးကို တစ်ရွာတည်းနေ အမျိုးသားက သံတူးရွင်းဖြင့် ရိုက်ခဲ့၍ ဦးခေါင်း၌ ဒဏ်ရာရရှိကာ ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် သက်တော် (၈၄) နှစ်၊ ၀ါတော် (၆၄) ၀ါရှိ သရက်ချဉ် ကျေးရွာကျောင်းထိုင်ဆရာတော် သည် တစ်ရွာတည်းနေသူ တစ်ဦးနှင့်အတူ ကျောင်းဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် နံနက် ၈ နာရီ အုန်းမောင်းခေါက်ရန် ကျောင်းပေါ်သို့ တက်ခိုက် တစ်ရွာတည်းနေသူ အသက် (၅၃) နှစ်အရွယ် အမျိုးသားကပါလာသည့် သံတူးရွင်းဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ထု နယ်မြေ ရဲတပ်ဖွဲ့စခန်းမှတ်တမ်းများအရ သိရှိရသည်။
ရိုက်နှက်ခံရ၍ ဆရာတော် ၏ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သောကြောင့် မန္တလေးပြည် သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသ နိုင်ရန် ပို့ဆောင်စဉ်လမ်း၌ ပျံလွန်တော်မူခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
ဆရာတော်အား သံတူးရွင်း ဖြင့် ရိုက်နှက်ခဲ့သူ အသက် (၅၃) နှစ်အရွယ် အမျိုးသားကို အခင်း ဖြစ်နေရာ အနီးတွင် သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်ဟု ဆိုသည်။
၎င်းအား စစ်ဆေးမေးမြန်း ရာ ပြီးခဲ့သည့် ရက်အနည်းငယ်က ကျောင်းထိုင်ဆရာတော်က ‘‘ဘုန်း ကြီးတွေ ဆွမ်းဘုဉ်းမပေးရသေးဘဲ မင်းတို့က အရင်စားနေတယ်’’ဟု ပြောခဲ့သည့် စကားနှင့်ပတ်သက် ၍ မကျေမနပ်ဖြစ်ကာ ယခုကဲ့သို့ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ထွက် ဆိုခဲ့သည်ဟု ဆိုသည်။
ဆရာတော်ကို သံတူးရွင်း ဖြင့် ရိုက်နှက်ခဲ့သူအား ကျောက်ထုနယ်မြေရဲတပ်ဖွဲ့ စခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၂၆/၂၉၅ ဖြင့် အမှုဖွင့်ထားရာမှ ဆရာတော်ပျံလွန်တော်မူသွားခဲ့၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၂/၂၉၅) ဖြင့် ပြောင်းလဲ၍ အရေးယူထားကြောင်း သတင်းရရှိသည်။
Loading...