ဒေါပုံအထက(၁)အနီး ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ သံသယရှိသူကို ဖမ်းမိ

Loading...
_________________________________________________________
 ဒေါပုံမြို့နယ် လမုတန်း ရပ်ကွက် ယမုံနာလမ်းမကြီး အထက(၁) ရှေ့တွင် ဖြစ်ပွားခဲ့ သည့် လူသတ်မှု၌ သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူ အမျိုးသားသည် သာကေတမြို့နယ်မှ အသက် (၃၀)အရွယ်ရှိ မြင့်ရှိန်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက် ညတွင် နေအိမ်မှ စက်ဘီးဖြင့် ဒေါပုံမြို့နယ်သို့ သွားခဲ့ခြင်းဖြစ်ကာ ဒေါပုံ အထက (၁) ရှေ့၌ ဒဏ်ရာများဖြင့် လဲကျနေခြင်းဖြစ်ကြောင်း ဒေါပုံရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘၃၀ ရက် မနက် ၄ နာရီ ကျော်လောက်မှာ ဒဏ်ရာတွေနဲ့ စတွေ့တာပါ။ ဒဏ်ရာတွေနဲ့ ဖြစ် နေလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ ဆောင်ပေးခဲ့ပါတယ်။ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့လို့ လူ သတ်မှုပြောင်းလဲပြီး အမှုဖွင့်ခဲ့ပါ တယ်။ သံသယရှိသူတွေ စစ်ဆေး တဲ့အခါမှာတော့ သူနဲ့အတူသွားခဲ့ တဲ့ မိန်းမလျာကိုတွေ့ပြီး ဖမ်းဆီး နိုင်ခဲ့ပါတယ်’’ဟု ၎င်းကပြော သည်။
သေဆုံးသူ အမျိုးသား မျက် နှာတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာ များဖြင့် လဲကျနေပြီး အနီး၌ သွေး များ စွန်းနေသော ကွန်ကရစ် ကျောက်တုံးသုံးတုံးနှင့် အုတ်ခဲ ကျိုးအပိုင်း၊ အနက်ရောင် မိန်းမစီး စက်ဘီးတစ်စီးကို တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
 လူသတ်မှုကျူးလွန်သူဟု ယူဆရသူ အမျိုးသား (မိန်းမလျာ) သည် သာကေတမြို့နယ်နေ ကျော်ကျော်ဝင်း (ခ) ၀ါးခယ်မဖြစ် ပြီး ပတ်ဝန်းကျင်မှ မျက်မြင်တွေ့ ရှိသူအချို့ကို စစ်မေးရာမှ အမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း ရဲအရာရှိက ပြောသည်။
 လူသတ်မှုကျူးလွန်သူဟု ယူဆရသူ ကျော်ကျော်ဝင်း (ခ) ၀ါးခယ်မကို ဒေါပုံမြို့မရဲစခန်းကရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ရာဇ သတ်ကြီး ပုဒ်မ ၃၀၂ သို့ အမှု ပြောင်းလဲဖွင့်လှစ်ကာ စစ်ဆေး နေကြောင်း သိရသည်။
Loading...