Breaking News


ဆယ်နှစ်အရွယ်တတိယတန်းကျောင်းသူကို ကျောင်းဆရာက အချိန်ပိုခေါ်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား


Loading...


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အလောင်းမင်းကျေးရွာမှာရှိတဲ့ မူလတန်းကျောင်းတစ်ခုမှာ ကျောင်းဆရာက အချိန်ပိုခေါ်ရင်း ၁၀ နှစ်အရွယ်တတိယတန်းကျောင်းသူတစ်ဦးကို
အဓမ္မပြုကျင့်မှုဒီဇင်ဘာလ ၃ ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။
အဆိုပါကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၆ နှစ်အရွယ်ကျောင်းဆရာဦးတင်မင်းနိုင်က အချိန်ပိုကျောင်းဆင်းချိန် နေ့လည် ၁၁နာရီမှာ ကျောင်းသူကို ကျောင်းဝင်းအတွင်းရှိ
သူ့ရဲ့အဆောင်ထဲခေါ်သွားကာ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
ကျောင်းဆင်းချိန်အိမ်ပြန်လာရာ ကလေးရဲ့မိန်းမကိုယ်မှ သွေးများထွက်နေတဲ့အတွက် အဒေါ်ဖြစ်သူကမေးမြန်း ခဲ့တဲ့အချိန်မှာ သိရှိခဲ့တာဖြစ်ပါတယ်။ ကျူးလွန်သူ ဦးတင်မင်းနိုင်ကို ၃ ရက်နေ့ည
ရှစ်နာရီခွဲခန့်မှာ ဖမ်းဆီးရရှိခဲ့ပါတယ်။ ကျူးလွန်ခံရတဲ့ကလေးကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ တင်ပို့ကုသထားတယ်လို့ဟုမ္မလင်းမြို့ မြို့မရဲစခန်းမှ ဒုရဲမှူး ဦးကြည်စိုးကပြောပါတယ်။
ကလေးရဲ့မိဘတွေဟာ ခန္တီးမြို့မှာအလုပ်သွားရောက်လုပ်ကိုင်နေကြတဲ့သူတွေဖြစ်တာကြောင့် အဒေါ်ဖြစ်သူ က ရဲစခန်းကိုလာရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲသည်ကျောင်းမှာ
ကျောင်းသားကျောင်းသူ ၁၂၁ ယောက်ရှိပြီး အချိန်ပိုခေါ်တဲ့နေ့မှာ တတိယတန်းကိုသာခေါ်ယူသင်ကြားခဲ့တာဖြစ်ပါတယ်။
ကျူးလွန်သူ ဦးတင်မင်းနိုင်ကို ဟုမ္မလင်းမြို့မရဲစခန်းမှ ပ ၆၄၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ တို့နဲ့အမှု့ဖွင့် အရေးယူထားတယ်လို့ မြို့မရဲစခန်းမှ ဒုရဲမှူး ဦးကြည်စိုးမှသိရှိရပါတယ်။
kumudranews
Loading...