လူပေါင်း ၄၇ ဦးလိုက်ပါသွားသည့် ပါကစ္စတန်လေယာဉ် ပျက်ကျ

Loading...
_________________________________________________________

လူပေါင်း ၄၇ ဦးလိုက်ပါသွားတဲ့ ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်း (ပီအိုင်အေ) ကလေယာဉ်တစ်စင်းဟာ ပါကစ္စတန်မြောက်ပိုင်း တောင်တန်းတွေကြားမှာ ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၃၇ ဦးနဲ့ လေယာဉ်အဖွဲ့သားတွေ လိုက်ပါသွားခဲ့ကြတာဖြစ်တယ်လို့ လေကြောင်းလိုင်းဘက်က အတည်ပြုထုတ်ပြန်ထားပါတယ်။
ချီသရယ်မြို့ကနေ ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်ကို ထွက်ခွာလာစဉ် လမ်းမှာ အဆက်အသွယ်ပျက်သွားပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကယ်ဆယ်ရေးအဖွဲ့ဟာ လေယာဉ်ပျက်ကျတဲ့ နေရာကို အရောက်သွားနေပြီဖြစ်လို့ မကြာခင်မှာ အခြေအနေအသေးစိတ်ကို သိရမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒဏ်ရာရ သေဆုံးမှုစာရင်းကို လောလောဆယ်မသိရသေးပဲ လေယာဉ်ပျက်ကျသွားတဲ့နေရာဟာ Havelian ဒေသက တောင်ကြားထဲကို ဖြစ်တယ်လို့ ဆိုပါတယ်။
Update - ထပ်မံသိရတဲ့ သတင်းတွေအရ လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဘူးလို့ ဆိုပါတယ်။
Loading...