Breaking News


ခင်ပွန်းဖြစ်သူက အဆက်အသွယ်ဖြတ်တာကြောင့် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံး

Loading...
ခင်ပွန်းဖြစ်သူဟာ နယ်မှာ အလုပ်သွားလုပ်မယ်ဆိုကာ ပြီးခဲ့တဲ့တစ်လခန့်က ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အလုပ်သွားလုပ်မယ်ဆိုပြီး ရပ်ဝေးကို ထွက်သွားတဲ့ ခင်ပွန်းဆီက အဆက်အသွယ် မရတာကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး နေအိမ်မှာ ကြိုးဆွဲချသေဆုံးတဲ့ ဖြစ်ရပ်တစ်ခု အောင်လံမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက်က မြို့မိကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စိတ်ညစ်ကြောင်း တစ်အိမ်တည်းနေသူ ဖခင်ကို ပြောကာ နေအိမ်တွင်းဝင်ရောက်သွားပြီး ပြန်ထွက်မလာတာကြောင့် အဖေဖြစ်သူက သွားရောက်ကြည့်ရှုတဲ့အခါ အိမ်ခြေရင်းအဖီက ဒိုင်းတန်းမှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူအမျိုးသမီးဟာ တစ်ရွာတည်းနေအမျိုးသားနဲ့လက်ထပ်ပြီးတာဟာ နှစ်လခန့်သာရှိသေးပြီး ခင်ပွန်းဖြစ်သူဟာ နယ်မှာ အလုပ်သွားလုပ်မယ်ဆိုကာ ပြီးခဲ့တဲ့တစ်လခန့်က ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
ကြိုးဆွဲချသေဆုံးတာကို ဓမ္မတာတိုင်း သေဆုံးတာ ဟုတ်မဟုတ်သိရှိနိုင်ဖို့ အောင်လံမြို့နယ်၊ ရွှေပန်းတောနယ်မြေရဲစခန်းမှ သေမှုသေခင်းနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
 Source: 7Day Daily
Loading...