Breaking News

လွန်ခဲ့သည့် ၂ နှစ်က ပျောက်ဆုံးနေသည့် မြေး၏အလောင်းကို အဖွားဖြစ်သူ ရှာဖွေတွေ့ရှိ




Loading...
----------------------------


လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ပျောက်ဆုံးသွားတဲ့ မြေးဖြစ်သူရဲ့ ခြောက်သွေ့နေတဲ့အလောင်းကို အိမ်ထဲမှာပဲ အဖွားဖြစ်သူက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒိုင်ကွင်ရော်ဂျာ အသက် ၂၁ ဟာ လွန်ခဲ့တဲ့ ၂ နှစ် နိုဝင်ဘာ ၄ ရက်၊ ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားအိမ်ကနေ ပျောက်ဆုံးနေတာလို့ မေရာရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ် အောက်တိုဘာ ၃၁ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ “ငါတော့ Pretzel ဘစ်စကစ်အကြွတ်တွေကိုပဲ ဆက်စားနေမယ်” လို့ နောက်ဆုံး စာရေးသားတင်သွားပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့က တခုခု “ပြုတ်ကျတဲ့အသံမျိုး” ကြားရပြီး အိမ်ရဲ့ထပ်ခိုးပေါ်မှာ ရော်ဂျာရဲ့အလောင်းကို သူ့ရဲ့အဖွားက ရှာတွေ့ခဲ့ပြီး ရဲကိုအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
“ဒီအလောင်းကိုတွေ့တော့ ကျမဒူးတွေ ခွေကျသွားတာပဲ” လို့ အဖွားဖြစ်သူ အီရစ်ကာဂျက်ဖရီးစ်ဂျော်ဒန်က ပြောခဲ့ပါတယ်။
“ကျမက ကျမမြေးလေး ဒိုင်ကွင်ကို ရှာနေခဲ့တာ ကြာနေပြီ၊ ကျမ အရမ်းနာကျင်ရပါတယ်” လို့လည်း ဆက်ပြောပါတယ်။
ဆွေမျိုးတချို့က ခွဲစိတ်စစ်ဆေးဖို့ အကြံပြုလို့ ခွဲစိတ်စစ်ဆေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တာလို့ သိရပေမယ့် ဒီဖြစ်ရပ်အတွက် ဘာသက်သေအထောက်အထားမှလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။
“ကျမကတော့ ဒါတွေအားလုံးကို မယုံနိုင်ဘူး၊ ကျမ အဖြေလိုချင်တယ်” လို့ အဖွားဖြစ်သူ ဂျက်ဖရီးစ်ဂျော်ဒန်က ပြောပါတယ်။
Loading...