Breaking News


ဖောကား ဝင်တိုက်၍ ညီအစ်မ နှစ်ဦး သေဆုံး


Loading...


ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ တဲကြီးကုန်းရွာ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) နံနက် ၁၀ နာရီခွဲခန့်က အမျိုးသမီး နှစ်ဦးကို ဖောကားက အရှိန်ဖြင့် ဝင်တိုက်မိရာ နှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု အုတ်တွင်း မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကလေးမလေး နှစ်ယောက်က အုတ်တွင်းဈေးကို သွားဖို့ လမ်းမနံဘေးမှာ ဆိုင်ကယ် ရပ်ပြီး လမ်းကူးဖို့ စောင့်နေတုန်း ဖြူးဖက်က မောင်းလာတဲ့ ဖောကားက ရှေ့ကားကို ကျော်တက်တုန်း အရှိန်နဲ့ ဝင်တိုက်မိတာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သေဆုံးသူများမှာ အုတ်တွင်းမြိုနယ် တဲကြီးကုန်း ကျေးရွာနေ အသက်၂၀ အရွယ် မပိုးအိအောင်နှင့် ညီမဖြစ်သူ အသက် ၁၄ နှစ်အရွယ် မချောကလျာအောင်ဆိုသူတို့ဖြစ်ကြောင်း အုတ်တွင်း မြို့မရဲစခန်း၏ ကနဦး စစ်ဆေး ပေါ်ပေါက်ချက်များအရ စုံစမ်း သိရှိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ဖောကားမောင်းသူ အသက် ၂၅ နှစ်အရွယ် ဂျေမောင်မောင် (ခ) ဖိုးခွားလေးကို ယာဉ်(ပ) ၃၈/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အုတ်တွင်း မြို့မရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
http://thevoicemyanmar.com/news/4727-fkw
Loading...