Breaking News


မုံးကိုးဒေသတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား


Loading...
 ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့တိုက်ပွဲဖြစ်စဉ်တွင် တပ် မတော်စခန်းများ မဆုံးရှုံးစေရေး လေကြောင်းပစ်ကူနှင့် လက်နက် ကြီးပစ်ကူများဖြင့်ဆောင်ရွက်နေ ပြီး တပ်မတော်စစ်ကူစစ်ကြောင်း များ အချိန်မီရောက်ရှိရေးကြိုးပမ်း လျက်ရှိသည်ဟု တပ်မတော်က ဒီဇင်ဘာ ၁ ရက်တွင် သတင်း ထုတ်ပြန်သည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIO)၊ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက် ကိုင်အဖွဲ့ (MNDAA) နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) လက် နက်ကိုင် ပူးပေါင်းအဖွဲ့နှင့် တပ်မ တော်တို့အကြား ဒီဇင်ဘာ ၁ ရက် တွင် မုံးကိုးမြို့၌ တိုက်ပွဲများ ပြင်း ထန်စွာ ဆက်လက်ဖြစ်ပွားခဲ့ သည်။
လက်နက်ကိုင်ပူးပေါင်းအ ဖွဲ့သည် ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီခန့်ကစ၍ မုံးကိုးမြို့ရှိ တပ် မတော်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် ဟေမိုးလုံ တောင်ဘက်ခြမ်းနေရာ များကို သာလွန်အင်အားဖြင့် စခန်းသိမ်း တိုက်ပွဲဆင်နွှဲရန် အ ကြိမ်ကြိမ်ကျားထိုးခြင်း၊ နှောင့် ယှက်ပစ်ခတ်ခြင်းများ ဆောင် ရွက်ခဲ့ရာ တပ်မတော်နှင့်ပြည်သူ့ စစ်အဖွဲ့များက စခန်းများ မဆုံး ရှုံးစေရေး ပြန်လည်ပစ်ခတ်တိုက် ခိုက်သဖြင့် ညနေ ၄ နာရီခန့်တွင် တိုက်ပွဲအရှိန် ရပ်တန့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။
တိုက်ပွဲတွင် လက်နက်ကိုင်ပူးပေါင်း  တပ်ဖွဲ့ဝင်များက အရပ်ဝတ်အများအပြားဝတ်ဆင်၍ မုံးကိုးမြို့ အတွင်းရှိ အိမ်များ၊အဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ရာ တပ်မတော်က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များအတွင်း အရပ်သားနှင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း လည်း ဖော်ပြထားသည်။
တပ်မတော်သားများအနေဖြင့် ၎င်းတို့၏ တပ်စခန်းများနှင့် လုံခြုံရေးနယ်မြေ လုံးဝမဆုံးရှုံးစေရေး စစ်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ စစ်ရေးလိုအပ်ချက်အရ လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူယူ၍ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ရေးရည်မှန်းချက်များကိုသာ တိုက်ခိုက်ခဲ့ပြီးတိုက်ခိုက်မှုနှင့် ဆက်စပ်သော အရပ်ဘက်အဆောက်အအုံများ ထိခိုက်မှု အနည်းဆုံးဖြစ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း စစ်ပွဲဆိုင်ရာဥပဒေနှင့်အညီ စစ်ရေးလိုအပ်ချက်အတွက် လိုအပ်သည့် အင်အားကိုသာ အသုံးပြုမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ကို စုံစမ်းဆဲဖြစ်ပြီး တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များက ဆက်လက် ရင် ဆိုင်တိုက်ပွဲဝင်လျက်ရှိကြောင်း လည်းပါရှိသည်။
Loading...