မုံးကိုးတိုက်ပွဲတွင် နယ်မြေရဲတပ်ဖွဲ့ဝင်ကိုးဦး အသတ်ခံရပြီး သုံးဦးပျောက်ဆုံးနေ

Loading...
_________________________________________________________
မုံးကိုးမြို့တွင် ဖြစ်ပွား သော တိုက်ပွဲအတွင်း မုံးကိုးနယ် မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်ကိုးဦး အသတ်ခံရကာ သုံးဦးပျောက်ဆုံး နေဆဲဖြစ်ပြီး လက်နက်များလည်း ပျောက်ဆုံးနေကြောင်း ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့တွင် နိုဝင်ဘာနောက်ဆုံး ပတ်ကစကာ တိုက်ပွဲဖြစ်ပွားခဲ့ သည်။ ရဲစခန်းကို ပူးပေါင်းလက် နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ကိုးဦး အသတ်ခံရကာ သုံးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မူ ဆယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘မုံးကိုးစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၁၆ ယောက် ရှိတယ်။ စခန်းမှူး အပါအဝင် ကိုးဦးအသတ်ခံရ တယ်။ သုံးယောက်က ဒီနေ့ (ဒီဇင်ဘာ ၇ ရက်)အထိ ပျောက်နေတုန်းပဲ။ လေးယောက်ကတော့ ရှင်လျက် ပြန်တွေ့တယ်။ စုစုပေါင်း၁၆ ယောက်ပေါ့’’ဟု အထက်ပါ ရဲအရာရှိက ပြောသည်။
မုံးကိုးမြို့တွင်းကို ဒီဇင်ဘာ ၄ ရက်ကစကာ တပ်မတော်စစ် ကြောင်းက ဝင်ရောက်ရှင်းလင်း နိုင်ခဲ့ပြီး သေဆုံးနေသော ရဲတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ကျဆုံးခဲ့သော ရဲတပ်ဖွဲ့ဝင် များမှာ ရဲအုပ် စစ်ကိုကိုအေး၊ ရဲအုပ် သက်နိုင်ဦး၊ ဒုတိယတပ် ကြပ် အောင်အောင်၊ တပ်ကြပ် ကြီး ခင်ဝင်း၊ တပ်ကြပ်ကြီး သန်းလွင်ဌေး၊ တပ်ကြပ်ကြီး သောင်း တင်၊ တပ်ကြပ် အေးကို၊ တပ်သား စိုင်းသီဟအောင်နှင့် တပ်သား ဇော်သန့်ပိုင်တို့ဖြစ်ကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးနေသော ရဲတပ် ဖွဲ့ဝင်များမှာ ရဲအရာခံ စန်းတင့်၊ တပ်ကြပ်ကြီး ဖိုးလုံးနှင့် တပ်သား ကျော်ဆန်းဝင်းတို့ဖြစ်ပြီး တပ် မတော်နှင့် ပူးပေါင်းရှာဖွေမူများ ပြုလုပ်နေကြောင်း မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးသန်းက ပြောသည်။
မုံးကိုးနယ်မြေရဲစခန်းတွင် M22 အမျိုးအစားအပါအဝင် သေနတ်အရေအတွက် ၄၀ ရှိရာ မှ ခုနစ်လက်သာပြန်တွေ့ပြီး ၃၃ လက် ပျောက်ဆုံးနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။
ရဲတပ်ဖွဲ့ဝင်များသေဆုံးမှု နှင့် ပတ်သက်၍ နိုင်ငံတော်အတိုင် ပင်ခံရုံးကလည်း ယမန်နေ့က သတင်းထုတ်ပြန်ရာတွင် ဒီဇင်ဘာ ၂ရက်နေ့၌ မုံးကိုး နယ်မြေရဲစခန်းအား KIA/TNLA/ MNDAA ပူးပေါင်းလက်နက်ကိုင်အဖွဲ့များက ၀င်ရောက်တိုက်ခိုက်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁၆ဦး အ ဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများမှ မုံးကိုးဒေသအတွင်း ဒီဇင်ဘာ ၄ ရက်မှစ၍ နယ်မြေရှင်းလင်းစဉ် သေဆုံးနေသော ရဲတပ်ဖွဲ့ဝင် ကိုးဦး၏ ရုပ်အလောင်းများကိုတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ကျန်းမာရေးမကောင်းသဖြင့် ရှောင်တိမ်းနိုင်ခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးနှင့် အရပ်သားတစ်ဦးတို့ပါ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် မုံးကိုးနယ်မြေရဲ စခန်း တိုက်ခိုက်ခံရမှုတွင် ရဲတပ် ဖွဲ့ဝင်ကိုးဦး၊ အရပ်သားနှစ်ဦး သေဆုံးကာ သေနတ်မျိုးစုံ ၃၃ လက် ပျောက်ဆုံးခဲ့သည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံ ခဲ့ရသော နိုဝင်ဘာ ၂၀ ရက်က ကုန်သွယ်ရေးဇုန်အနီး နမ့်ပေါရဲ ကင်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦးလည်း အသတ်ခံခဲ့ရပြီး လတ်တလော ဖြစ်ပွားနေသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တိုက်ပွဲအတွင်းရဲတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးကာသုံးဦး ပျောက်ဆုံးနေသည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံခဲ့ရသည့်နေ့မှ စတင်ခဲ့သော မြန်မာ့တပ်မတော်နှင့် KIA, MNDAA, TNLA ပူးပေါင်း လက်နက်ကိုင်အဖွဲ့တို့၏ တိုက်ပွဲ မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအချို့တွင် ဆက်လက်ဖြစ် ပွားနေဆဲဖြစ်သည်။
Loading...

နောက်ဆုံးရသတင်းများ ⇩⇩⇩