Breaking News


သမ္မတဟောင်း ဦးသိန်းစိန် အာရှကော့စမိုပိုလီတန်ဆုရဲ့ အမြင့်ဆုံးဆုရရှိ


Loading...


(၃) ကြိမ်မြောက် အာရှကော့စမိုပိုလီတန်ဆုရဲ့ အမြင့်ဆုံးဆုကို မြန်မာနိုင်ငံရဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို ပေးအပ်ဖို့ ရွေးချယ်လိုက်တယ်လို့ အဲဒီဆုရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာပါတယ်။ (၃) ကြိမ်မြောက်ဆုတွေအတွက် သမ္မတဟောင်း ဦးသိန်းစိန်အပါအ၀င် (၃) ဦးကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ အမြင့်ဆုံးဆုအဖြစ် သမ္မတဟောင်း ဦးသိန်းစိန် ၊ စီးပွားရေးနဲ့လူမှုရေးသိပ္ပံဆိုင်ရာဆုအတွက် ကိုနန်တက္ကသိုလ်ရဲ့ ပရော်ဖက်ဆာ မာဆာဟိဆ ဖူဂျီတ နဲ့ ယဉ်ကျေးမှုဆိုင်ရာဆုအတွက် ဥရောပသမဂ္ဂရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌ ပရော်ဖက်ဆာ ဟာမန် ဗန် ရွန်ပူး တို့ကို ရွေးချယ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ သမ္မတဟောင်းဦးသိန်းစိန်ကို ဆုပေးဖို့အတွက် ရွေးချယ်ရတာ ဟာ ပြုပြင်ပြောင်းလဲရေးကာလအတွင်းသူ့ရဲ့ ခေါင်းဆောင်မှု ဆိုင်ရာတွေကြောင့်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အာရှကော့စမိုပိုလီတန်ဆုကိုအာဆီယံနဲ့အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနအင်စတီကျူ့ (ERIA) က ပေးအပ်တာဖြစ်ပါတယ်။ ERIA ဟာ အင်ဒိုနီးရှားနိုင်ငံမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းဖြစ်ပြီး မူဝါဒပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်တဲ့အဖွဲ့ အစည်းဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ပြည်ခိုင်ဖြိုး FB

Loading...