Breaking News


လမ်းမပေါ်မှ တွင်းနက်ကြီးထဲ ကား ၂ စီးထိုးကျ၊ ရဲမေတဦး ရေနစ်သေဆုံး (ရုပ်သံ)


Loading...
အဲဒီနေ့ညပိုင်းမှာ ကား ၂ စီးလုံးဟာ အနက် ၁၂ ပေလောက်ရှိမယ့် ရေထဲကို ထိုးကျသွားခဲ့တာဖြစ်ပြီး ဒီတွင်းနက်ကြီးဟာ ရေဆိုးမိလ္လာပိုက်လိုင်း ပွင့်ထွက်ရာကနေ ဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီဇင်ဘာ ၄ ရက်နေ့က လမ်းမကြီးတခုပေါ်ရှိ တွင်းနက်ကြီးထဲကို ကား ၂ စီး ထိုးကျခဲ့ပြီး အချိန်ပိုင်း လက်ထောက်ရဲမေတဦး ရေနစ်သေဆုံးခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ တက္ကဆက်စ်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး နောက်ကားတစီးပေါ်မှ အသက် ၆၀ အရွယ် အမျိုးသားတဦးကတော့ လွတ်မြောက်သွားခဲ့ကာ ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
အဲဒီနေ့ညပိုင်းမှာ ကား ၂ စီးလုံးဟာ အနက် ၁၂ ပေလောက်ရှိမယ့် ရေထဲကို ထိုးကျသွားခဲ့တာဖြစ်ပြီး ဒီတွင်းနက်ကြီးဟာ ရေဆိုးမိလ္လာပိုက်လိုင်း ပွင့်ထွက်ရာကနေ ဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။
ဘက်ဇ်ဆာစီရင်စုနယ်မြေမှ ပြောရေးဆိုခွင့်ရသူ ဂျိမ်းစ်ကိသ်က “လက်ထောက်ရဲမေ ဒိုရာလင်ဒါ နီရှိဟာရာ သေဆုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူ့ရဲ့ကားဟာ တွင်းထဲကို ပြုတ်ကျသွားခဲ့ရာကနေ ရေနစ်သေဆုံးသွားခဲ့တာပါ” လို့ ပြောပါတယ်။
အဲဒီနေ့ ညပိုင်း ၇ နာရီခွဲလောက်မှာ အခင်းဖြစ်တဲ့နေရာကို မီးသတ် ကယ်ဆယ်ရေးသမားတွေ လာရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပေမယ့် အခြေအနေဟာ ထင်သလောက် မလွယ်ကူခဲ့ဘူးလို့ ဆိုပါတယ်။
တွင်းဘေးနံရံတွေဟာလည်း မတည်ငြိမ်ဘဲ ပြိုကျနိုင်ဖွယ်ရှိတာမို့ ကား ၂ စီးလုံးကို တွင်းထဲက ထုတ်ယူဖို့ ခက်ခဲနေခဲ့တာပါ။
အဲဒီဒေသမှာ မိုးပိုရွာလာနိုင်ဖွယ် သတိပေးမှုနဲ့ အနီးက ရထားလမ်းရှိနေတဲ့အတွက် တုန်ခါမှုကြောင့် မြေပြင်အခြေအနေဟာ အန္တရာယ်ပိုများခဲ့ရတယ်လို့ မီးသတ်ဦးစီးမှူး ဘရိုင်ယန်အိုနေးလ်က ပြောပါတယ်။
Loading...