အရက်ကြောင်အမျိုးသား မိမိကိုယ်မိမိကြိုးဆွဲချသေဆုံး



_________________________________________________________
ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာတွင် ဒီဇင်ဘာ ၂၆ ရက်က
လူတစ်ဦးကြိုးဆွဲချသေဆုံးခဲ့ကြောင်း ကန်နယ်မြေရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ
ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီိခွဲအချိန်က ထယ်လှော်ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးကျော်မင်းစိုး မှ ၎င်းကျေးရွာတွင် လူတစ်ဦး
ကြိုးဆွဲချသေဆုံးကြောင်းသတင်းပေးချက်အရ ကန်နယ်မြေရဲစခန်းမှူး ရဲအုပ်
ကျော်ဝင်းသူ နှင့်အဖွဲ့သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထယ်လှော်ကျေးရွာနေ
မျိုးနိုင်ဝင်း၊၃၃နှစ်အား ၎င်း၏ နေအိမ် အပေါ်ထပ် အိမ်ရှေ့ခန်းရှိ ထုပ်တန်းတွင်
အဝါရောင်ပလပ်စတစ်နိုင်လွန်ကြိုး အရှည်(၁၀)ပေခန့်၊လုံးပတ် လက်သန်းလုံး
ခန့်ကြိုးအား လည်ပင်းတွင်ကြိုးကွင်းစွပ်လျှက် ကြိုးတန်းလန်းဖြင့်
လျှာထွက်၊လက်ချောင်းများကွေးကာ ကြိုးဆွဲချသေဆုံး နေသည်တွေ့ရှိခဲ့ပြီး
စစ်ဆေးခဲ့ရာ သေဆုံးသူသည် အရက်အလွန်အကျွံသောက်ပြီး
အရက်ကြောင်ကြောင်တက်သူဖြစ်ကြောင်း
စစ်ဆေးသိရှိခဲ့ခြင်းဖြစ်သည်။ယင်းအမျိုးသားသေဆုံးမှုနှင့်ပက်သက်၍ ရဲအုပ်
ကျော်ဝင်းသူမှ တရားလိုပြုတိုင်ကြားခဲ့၍ ဂန့်ဂေါမြို့နယ်၊ကန်နယ်မြေရဲစခန်းက
သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၆ ဖြင့်အမှုဖွင့်ထားသည်။


ရတနာပုံ သတင်းစာ
Loading...