Breaking News


အတန်းထဲမှာ စကားများပြီး လမ်းကြားမှာ ဆရာကို စောင့်ရိုက်တဲ့ အလယ်တန်း ကျောင်းသား


Loading...

အတန်းထဲမှာ စကားများပြီး မကျေနပ်တာကြောင့် အလယ်တန်းကျောင်းသားနှစ်ဦးဟာ ဆရာကို လမ်းကြားထဲမှာ ရိုက်နှက်တဲ့ အမှုတစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှန်စီပြည်နယ်က Baoji အလယ်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းကြားမှာ စောင့်ကာ လက်သီးတွေနဲ့ထိုး၊ ခြေထောက်တွေနဲ့ ကန်တာတွေ လုပ်ခဲ့ပါတယ်။

ကျောင်းသားတွေ ထိုးနှက်နေတဲ့ ပုံကို မျက်မြင်သက်သေတစ်ဦးက ဗီဒီယိုရိုက်ထားပြီး ဒေသခံရဲဌာနကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒေသခံ ပညာရေးအာဏာပိုင်တွေက အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုထားပြီး ကျောင်းသားတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးပြီးပြီလို့ ကြေညာထားပါတယ်။

အဆိုပါဖြစ်ရပ်ဟာ မတ်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရိုက်နှက်ခံရတဲ့ ဆရာကို ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။

Photos & Source: NetEase
Crdit: duwun
Loading...