Breaking News

မုဒိမ်းမှုကျူးလွန်သည့် မြန်မာတဦးကို အမေရိကန်ရဲ အလိုရှိနေ



Loading...

အမေရိကန်ပြည်ထောင်စု ဘတ်ဖဲလိုးမြို့ ရဲတပ်ဖွဲ့က မုဒိမ်းမှုနဲ့ အလိုရှိနေတဲ့  မြန်မာ အမျိုးသားတဦးရှိတဲ့နေရာကို ရှာဖွေပေးကြဖို့ အများပြည်သူတွေထံ အကူအညီတောင်းခံ လိုက်ပါတယ်။
အသက် ၃၂ နှစ်အရွယ်၊ အရပ် ၅ပေ ၈ လက်မ နဲ့ ကိုယ်အလေးချိန် ၁၅၅ ပေါင်ရှိတဲ့ ကိုရန်စိုးဆိုသူကို အမေရိကန်ရဲတပ်ဖွဲ့က ရှာဖွေနေတာဖြစ်ပါတယ်။
သူ့ကို လိင်ပိုင်းဆိုင်ရာ အမြင့်ဆုံးရာဇ၀တ်မှုဖြစ်တဲ့ မုဒိမ်းမှုနဲ့ အသက် ၁၇ နှစ်အောက် ကလေးငယ်တဦးကို ထိခိုက်နာကျင်စေအောင်ပြုမူခဲ့မှုတွေအတွက် အလိုရှိနေတာဖြစ်ပါတယ်။
သူဘယ်နေရာမှာရှိနေလဲဆိုတာ သိရှိသူတွေအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဟော့လိုင်းနံပတ် ၉၁၁ ကို ဆက်သွယ်သတင်းပေးကြဖို့ ကြေညာထားပါတယ်။
Loading...