Breaking News


လူနာစောင့် (၁၄) နှစ်အရွယ် မိန်းကလေးအား တစ် ရွာတည်းနေသူ အမျိုးသားက ဆေးရုံပြင်ပသို့ ခေါ်ဆောင်၍ အဓမ္မပြုကျင့်မှု ဖြစ်ပွား


Loading...

မုံရွာမြို့ရှိ အမျိုးသမီး သား ဖွားမီးယပ်နှင့် ကလေးအထူးကု ဆေးရုံကြီးတွင် လူနာစောင့် (၁၄) နှစ်အရွယ် မိန်းကလေးအား တစ် ရွာတည်းနေသူ အမျိုးသားက ဆေးရုံပြင်ပသို့ ခေါ်ဆောင်၍ အဓမ္မပြုကျင့်မှု ဖြစ်ပွားကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။

လူနာစောင့် မိန်းကလေး အား ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီး ကျေးရွာနေ အသက် (၂၀) အရွယ် အမျိုးသားက မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ လူမနေသော ခြံဝင်းအတွင်းခေါ်ကာ ဒီဇင်ဘာ ၅ ရက်က အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်ကပြောကြားသည်။
‘‘မွေးကင်းစကလေးငယ် နေ မကောင်းလို့ မိခင်ဖြစ်သူက မုံရွာ ကလေးအထူးကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်။ က လေးမလေးကို လူနာစောင့်ထား ပြီး ဖခင်ဖြစ်သူက ရွာခဏပြန်တဲ့ အချိန်မှာ ဒီဖြစ်စဉ်ဖြစ်သွားတာ ပါ။ တရားခံကလည်း စိုင်ပြင်ကြီး ရွာကပါ။ မနေ့က (ဒီဇင်ဘာ ၈ ရက်) ညပိုင်းက တရားခံကိုဖမ်းမိ ပါပြီ’’ဟု ဒုရဲမှူးသိန်းဆွေမြင့်က ပြောကြားသည်။
ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီး ကျေးရွာနေ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးသည် သမီးဖြစ်သူကို မုံရွာမြို့ ကလေး ဆေးရုံကြီး၌ လူနာစောင့်အဖြစ် ထားပြီး ဒီဇင်ဘာ ၅ ရက် ညနေ က ရွာမှ ပြန်လည်ရောက်ရှိလာစဉ် သမီးကိုမတွေ့ရသဖြင့် လိုက်လံရှာဖွေရာ တစ်ရွာတည်းနေ အ သက်(၂၀)အရွယ် အမျိုးသား တစ်ဦးက ခေါ်သွားကြောင်း သိရသည်။
ဒီဇင်ဘာ ၆ ရက် နံနက် ၁ နာရီခန့်က သမီးဖြစ်သူ ဆေးရုံသို့ ပြန်လည်ရောက်ရှိလာသဖြင့် မေး မြန်းရာ ၎င်းကို လက်ဖက်ရည် သောက်ရန်ဆိုကာ ခေါ်ဆောင်ပြီး မြို့သစ်ရပ်ကွက်အတွင်း လူမနေ သော ခြံဝင်းအတွင်း၌ အလိုမတူ ဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ သည်ဟုပြောကြောင်း ရဲမှတ်တမ်း အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သော အမျိုးသားကို အရေးယူရန် ဖခင်က တရားလိုပြုလုပ် တိုင်ကြားခဲ့သဖြင့် မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
7daydaily
Loading...