Breaking News


ကွန်တိန်နာကား တိမ်းမှောက်ရာမှတစ်ဆင့် နစ်ဆန်းယာဉ်မောင်း တစ်ဦးသေဆုံး


Loading...


ရန်ကုန်မြို့ လှိုင်မြို့နယ်(၁၅)ရပ်ကွက် ဘုရင့်နောင်လမ်းနဲ့ ပါရမီလမ်းထောင့် ရွှေသံလွင်ဘုရားအနီးမှာ ဒီဇင်ဘာ(၂၃) ရက် ည(၉)နာရီ မိနစ်(၂၀)က ကွန်တိန်နာကားတိမ်းမှောက်ရာကတစ်ဆင့်အနီးရှိ နစ်ဆန်း ယာဉ်ပေါ်ပိမိပြီး နစ်ဆန်းယာဉ်မောင်း အမျိုးသားသေဆုံးသွားတဲ့ဖြစ်စဉ် တစ်ခုဖြစ်ပွားပါတယ်။

 တိမ်းမှောက်သွားတဲ့ ကွန်တိန်နာယာဉ်နဲ့ နစ်ဆန်းယာဉ်တို့ဟာ ဘုရင်နောင်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာရင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 အဲဒီယာဉ်တိုက်မှုဖြစ်စဉ်မှာနစ်ဆန်းယာဉ်ဟာသစ်ပင်နဲ့ဝင်တိုက်ထားတဲ့အပြင်ယာဉ်အပေါ် ကိုလည်း ကွန်တိန်နာတစ်လုံးပိနေခဲ့လို့ သေဆုံးသွားတဲ့ နစ်ဆန်းယာဉ်မောင်းရဲ့ ရုပ်အလောင်းကို မီးသတ်တပ်ဖွဲ့ဝင်တွေက ခက်ခက်ခဲခဲ ထုတ်ယူရတယ်လို့ သိရပြီး ကွန်တိန်နာယာဉ်မောင်း ဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

 နစ်ဆန်းယာဉ်ဟာသစ်ပင်နဲ့ဝင်တိုက်မိပြီးနောက်ယာဉ်ခေါင်းခန်းပိုင်းမီးလောင်ခဲ့တဲ့အတွက်မီးသတ်တပ်ဖွဲ့ဝင်တွေကငြှိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။

ယာဉ်တိမ်း မှောက်မှုနဲ့ ပတ်သက်ပြီးယာဉ်(ပ) ၃၈/၁၆ ပုဒ်မ ၃၃၈/၂၇၉နဲ့အမှုဖွင့် စုံစမ်းစစ်ဆေးနေဆဲလို့သိရပါတယ်။

 ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာ (၇)ရက်ကစပြီး ယာဉ်နှင့် ကုန်(၉)တန်အထက်ကုန်တင်ယာဉ်တွေကို သတ်မှတ်ခွင့်ပြုလမ်းကြောင်း တွေမှာ ည(၉)နာရီကနေ မနက်(၆)နာရီအတွင်းသာ မောင်းနှင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားရာ ကွန်တိန်နာယာဉ်တွေဟာ သတ်မှတ်ချိန်အတွင်း ခေါက်ရေပြည့်မီအောင် မောင်းနှင်ရတာဖြစ်လို့ ညအချိန် မှာ ယာဉ်ကျောကျပ်တည်းမှု ပြဿနာ၊ ယာဉ်တိုက်မှု ပြဿနာစတာတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ ခရီးသွားပြည်သူတွေက သုံးသပ်ကြပါတယ်။

 ကွန်တိန်နာယာဉ်တွေနဲ့ ယာဉ်နဲ့ ကုန်(၉)တန် အထက်ကုန်တင်ယာဉ်တွေအတွက်သတ်မှတ်ခွင့်ပြုထားတဲ့လမ်းကြောင်းတွေကတော့ အောက်မင်္ဂလာဒုံလမ်း၊ သံသုမာလမ်း၊ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ရှုခင်းသာလမ်း၊ ဧရာဝဏ်လမ်းနဲ့ သုဓမ္မာလမ်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Loading...