သင့်ခွေးလေးက သိနေတဲ့ သင့်အကြောင်း အံ့သြစရာ အချက်တွေ

_________________________________________________________

(၁) သင်ဟာ ရက်ရောသူလား ကပ်စေးနှဲသူလားဆိုတာ

သူတို့ဟာ လူတွေရဲ့ အပြုအမူတွေကို စောင့်ကြည့်လေ့ရှိပြီး ဘယ်သူက ရက်ရောတယ် ဘယ်သူက မရက်ရောဘူး ဘယ်သူက ကပ်စေးနှဲတယ် ဆိုတာတွေကို ခွဲခြား သိရှိကြသလို မှတ်ထားလေ့လည်း ရှိကြပါတယ်။ သူတို့အစာ တောင်းတဲ့အခါမှာလည်း ရက်ရောတယ်လို့ သူတို့ ထင်တဲ့လူတွေဆီကို သွားလေ့ ရှိပါတယ်။

(၂) သင် လူတစ်ယောက်ကို သဘော မတွေ့တဲ့အခါ

သူတို့ဘေးမှာ ရှိနေတုန်း သင် အခြားလူ တစ်ယောက်နဲ့ စကားပြောနေတဲ့အခါ သူတို့ဟာ သင့်ရဲ့ အသက်ရှူသံကို နားထောင်နေလေ့ ရှိပါတယ်။ သင့်စိတ်ထဲမှာ တစ်ဖက်လူကို သဘောမကျတဲ့ ခံစားချက် ဖြစ်လာတဲ့အခါ အသက်ရှူသံ ပြောင်းလဲသွားပုံနဲ့ သင့်ကိုယ်နေဟန်ထား မဆိုစလောက်လေး ပြောင်းသွားတာကို သူတို့က သတိပြုမိကြပါတယ်။ ရန်ဖြစ်လာတာ စိတ်ဆိုးလာတာမျိုးဆိုရင် သူတို့ရှေ့မှာဖြစ်တာ မဟုတ်ဘဲနဲ့တောင် သူတို့က သိနေတတ်ပါတယ်။

(၃) သင်ဘယ်ရောက်ခဲ့လဲဆိုတာ

လူတွေရဲ့ ကိုယ်နံ့နဲ့ ကိုယ်မှာ စွဲလာတဲ့ အနံ့တွေဟာ သူတို့အတွက်တော့ အသေးစိတ် ကွဲပြားပါတယ်။ လမ်းတစ်လျှောက် သင်ထိတွေ့ ကိုင်တွယ်လာတဲ့ အနံ့တွေကနေ တစ်ဆင့် သင်ဘယ်က ပြန်လာတယ် ဘာတွေ ကိုင်ခဲ့တဲ့ဆိုတာအပြင် သင် ဘယ်သူနဲ့ တွေ့ခဲ့တယ်ဆိုတာကိုတောင် သိချင်သိနေနိုင်ပါသေးတယ်။

(၄) သင် နေမကောင်းတဲ့အခါ

ခွေးတိုင်း မဟုတ်ပေမယ့် လေ့ကျင့်ပေးထားတဲ့ ခွေးတွေဆိုရင် သင့်သွေးအတက်ကြောင့် ကိုယ်နံ့ပြောင်းလဲတာကို သိနိုင်တဲ့အပြင် ကင်ဆာဆဲလ်တွေက ထွက်တတ်တဲ့ ဓာတုအနံ့ တစ်မျိုးကို သိရှိထားတဲ့အတွက် သင့်မှာ ကင်ဆာ ရှိ မရှိကိုတောင် ခွဲခြားနိုင်ပါတယ်။

(၅) သင် ပြန်ရောက်ခါနီးပြီဆိုတာ

သင်အိမ်က ထွက်တဲ့အချိန် အိမ်ပြန်လာချိန်ဆိုတာ နေ့စဉ် ပုံမှန် လည်ပတ်နေတဲ့ အချိန်တွေကို သူတို့ရဲ့ ဇီဝ နာရီနဲ့ မှတ်သား ထားကြပါတယ်။ တကယ်လို့ သင်က ပုံမှန် မဟုတ်တဲ့အချိန်မှာ ပြန်လာမယ်ဆိုရင်တောင် သင့်အနံ့ကို အဝေးကတည်းက သူတို့ သတိပြုမိကြပါတယ်။

(၆) သင် အကာအကွယ် လိုတဲ့အခါ

အိမ်မှာရှိတဲ့ လူဝင် လူထွက်ကို သူတို့က အမြဲ သတိထားနေတဲ့အတွက် အိမ်သား တစ်ဦးဦး မရှိလို့ သင် အထီးကျန်နေတဲ့အခါ မလုံမခြုံ ခံစားရတဲ့အခါ ဒါမှမဟုတ် ကြောက်နေတဲ့အခါ သူတို့က သိရှိကြပြီး သင့်ဆီ လာတိုးဝှေ့နေတတ်ကြပါတယ်။

(၇) သင့်ကလေးငယ်က နုနယ်တယ်ဆိုတာ

သင့်မှာ ရင်သွေး ရှိလာတဲ့အခါ အိမ်မှာ တိုးလာတဲ့ မိသားစုဝင် အသစ် တစ်ဦးအဖြစ် သူတို့ သိရှိကြသလို မိသားစုထဲမှာ အနုနယ်ဆုံးနဲ့ အထိခိုက်ဆုံးသူ ဖြစ်တယ်ဆိုတာကိုလည်း သူတို့ သိကြပါတယ်။ အဲဒီအတွက် သင့်ကလေးကို ကျန်တဲ့ မိသားစုဝင်တွေထက် ပိုအကာအကွယ်ပေးတာ ကျီစယ်တာတွေ လုပ်တတ်ကြပါတယ်။

http://thevoicemyanmar.com/relax/4329-tkl