Breaking News


ဘုန်းကြီး ၁ ပါး စိတ်ဖောက်ပြန်ပြီး ကြိုးဆွဲချ သေဆုံး


Loading...


မွန်ပြည်နယ် ရေးမြို့နယ် ကျောက်မိချောင်းမြောက်ရွာ ကျွန်းတောခြံစု ရတနာရွှေတွင်း ၁ တောရကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော် ၃၇ နှစ် ဝါတော် ၃ ဝါရှိတဲ့ သံဃာတော် ၁ ပါး ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၆ နာရီအချိန်က ဘုရားဝတ်ပြုဆောင်အနောက်ဘက် ဝါးရုံအနီးသစ်ပင်မှာ ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မ ရဲစခန်းမှ သိရပါတယ်။
သက်သေတွေနဲ့အတူ ရေးမြို့မ ရဲစခန်းက အမှုစစ်ရဲအရာရှိတို့ သွားရောက် စစ်ဆေးရာမှာ အဆုံးစီရင်ခဲ့တဲ့ ဦးတေဇဘုန်းကြီးမှာ အမြင့်ပေ ၁၁ ပေလောက်ရှိတဲ့ ရှမ်းလက်ဖက် သစ်ပင်ပေါ်မှ အရှည် ၄ ပေရှိတဲ့ ဝါယာကြိုးနဲ့ ကြိုးဆွဲချသေဆုံးနေတာတွေ့ရပါတယ်။ သေဆုံးသူဦးတေဇမှာ လွန်ခဲ့တဲ့ ၅ ရက်လောက်က တောရကျောင်းတခုမှာ သွားရောက်တရားစခန်းဝင်ခဲ့ရာမှ စိတ်ဖောက်ြပန် ပြီး အဆုံးစီရင်ခဲ့တာ ဖြစ်တယ်လို့ ရေးရဲစခန်းမှူး ဒုရဲမှူးမင်းဆွေက ပြောပါတယ်။
အဆိုပါဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၆ ရက်နေ့ ညနေ့ ၃ နာရီ ၃၀ မိနစ်အချိန်က ရေးမြို့မ ရဲစခန်းကို ဒုရဲအုပ်ဖြိုးနိုင်က တိုင်တန်းမှုပြုလုပ်ကာ သေမှုသေခင်းအမှုဖွင့် အရေးယူထားရှိပြီး စခန်းမှူး ဒုရဲမှူးမင်းဆွေက အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/178872
Loading...