Breaking News


တစ်နှစ်သားကျော်အရွယ်ရှိ ဝက်မအား ကာမစပ်ယှက်နေသည်


Loading...

အိမ်နီးချင်း အမျိုးသားက အိမ်တွင် မွေးထားသည့် ဝက်မနှင့် ကာမစပ်ယှက်နေသဖြင့် အရေးယူပေးပါရန် ဝက်ပိုင်ရှင်က ကလေးမြို့မရဲစခန်းတွင် လာရောက် အမှုဖွင့်တိုင်ကြားထားကြောင်းယင်းရဲစခန်းမှ သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နတ်ချောင်းကျေးရွာတွင် နေထိုင်သည့် အသက်(၃၇)နှစ်အရွယ် မစန်းပိုသည် အိမ်နောက်ဖေးတွင် အပေါ့စွန့်နေစဉ် အိမ်နီးချင်းနေ အသက်(၅၀)အရွယ် ဦးကြည်(ဘ)ဦးအုန်းခိုင်က နေအိမ်ခြံဝန်း မြောက်ဘက်အစပ်ရှိ ခြံဝင်းကိုကျော်တတ်ကာ နွားစာတိုက်အောက်တွင် မွေးမြူထားသော တစ်နှစ်သားကျော်အရွယ်ရှိ ဝက်မအား ကာမစပ်ယှက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

ယင်းကြောင့် တရာခံ ဦးကြည်အား မျက်ချေမပျက် စောင့်ကြည့်မှုပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၃ရက်နေ့ ညနေ ၅နာရီ အချိန်ခန့်က မစန်းပိုနှင့် ခင်ပွန်းဦးထွန်းထွန်းဝင်း တို့က အိမ်နောက်ဖေးရှိ နွားစာခွက်အတွင်း ဝင်ရောက်ပုန်းအောင်း စောင့်ကြည့်နေစဉ် ဦးကြည်သည် ခြံစည်းရိုးကို ကျော်တတ်ဝင်လာပြီး ဝက်မကို ထပ်မံကာမစပ်ယှက်နေသည်ကို မြင်တွေ့ခဲ့ရသဖြင့်  ဦးကြည်အား အရေးယူပေးပါရန် မစန်းပိုက ဒီဇင်ဘာ၂၉ရက် နံနက်က ကလေးမြို့မရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်သည်"ဟု ကလေးမြို့မြို့မရဲစခန်းမှ သိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကလေးမြို့ မြို့မရဲစခန်းမှ (ပ)၅၆၁/၂၀၁၆ရာဇသတ်ကြီးပုဒ်မ(၃၇၇)ဖြင့် အမှုဖွင့်ကာ ဦးကြည်အား အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


credit>>the voice
Loading...