Breaking News


စတိတ်စင်ပေါ် ကပြနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကိုယ်ဝန်ဆောင်ကချေသည် (ရုပ်သံ)


Loading...


အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ကချေသည် အမျိုးသမီးတဦးဟာ မင်္ဂလာဆောင် အခမ်းအနားတခုမှာ အဖွဲ့လိုက် ကပြဖျော်ဖြေနေစဉ် ပရိသတ်ထဲမှ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားပါတယ်။
ဒီအဖြစ်အပျက်ဟာ ပန်ဂျပ်ပြည်နယ်၊ ဘတ်တင်ဒါမြို့မှာ ဒီဇင်ဘာ ၅ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကချေသည် အမျိုးသမီး ကူလ်ဝင်ဒါကားဟာ အခင်းဖြစ်တဲ့ နေရာမှာတင် သေဆုံးသွားခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အမျိုးသမီး ကချေသည်အဖွဲ့ဟာ စတိတ်စင်ပေါ်မှာ ကပြဖျော်ဖြေနေကြချိန် အမျိုးသားတဦးက စင်အောက်ကနေ သေနတ်နဲ့ ပစ်ခတ်လိုက်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ကချေသည်အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ရာဂျင်ဒါဆင်းဂ်ျဟာ ပရိသတ်ထဲမှာ ကြည့်ရှုနေခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူမှာ ကိုယ်ဝန် ၃ လ ရှိနေခဲ့တာလို့ ပြောပါတယ်။
မင်္ဂလာပွဲကို လာရောက်ကြတဲ့ ဧည့်သည်တွေထဲက မူးယစ်သောက်စားထားကြသူတွေဟာ ကချေသည်တွေနဲ့အတူ စင်ပေါ်မှာ ကပြဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဖျော်ဖြေရေးဆိုင်ရာ တာဝန်ရှိသူတွေက ငြင်းဆန်ခဲ့တဲ့အတွက် သူတို့ဟာ ခုလို သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ဆစ်ခ်ဘာသာရေးဆိုင်ရာ ဗဟိုပြု နိုင်ငံရေးပါတီ ရှိရိုမန်နီ အက်ခ်လီဒဲလ်မှ ခေါင်းဆောင် လပ်ကီးဂိုရယ်လ်နဲ့ သူ့ရဲ့ သူငယ်ချင်းတဦးဖြစ်တဲ့ ဆန်ဂျေးဂိုရဲလ်တို့ဖြစ်ပြီး ကျန် ၂ ဦးရဲ့ နာမည်တွေကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။
Loading...