ဗဟန်းရဲစခန်းမှာ လာသောင်းကျန်းတဲ့ သားအဖနှစ်ဦးကို အမှုဖွင့်ထား



_________________________________________________________

ရပ်ကွက်ထဲမှာ ရန်ဖြစ်ခဲ့လို့ ရဲစခန်းကိုလာရောက်တိုင်ကြားတဲ့သူကို နောက်ကနေလိုက်ပြီးရန်ပြုကာ ရဲစခန်းဝင်ပေါက်တံခါးနဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးခဲ့တဲ့ သားအဖနှစ်ဦးကို ဗဟန်းမြို့နယ်ရဲစခန်းက ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီပတ်ဝန်းကျင်းက ဗဟန်းမြို့နယ် ဗိုလ်ချို (၁)ရပ်ကွက်မှာနေတဲ့ အသက်(၃၀) အရွယ် မငြိမ်းငြိမ်းသူက ဈေးရောင်းသူအချင်းချင်းဖြစ်တဲ့ အသက်(၅၃)နှစ်အရွယ် ဦးထွန်းရွှေနဲ့  စကားများရန်ဖြစ်ခဲ့တာကို ဗဟန်းမြို့မရဲစခန်းကို လာရောက်တိုင်တန်းတာကနေ စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ရဲစခန်းကို တိုင်ကြားဖို့လာတဲ့ မငြိမ်းငြိမ်းသူကို ရိုက်နှက်ဖို့  ဦးထွန်းရွှေနဲ့ သမီးတို့က ဖခင်ဖြစ်သူက လက်ထဲမှာ တုတ်ကိုင်ဆောင်ထားလို့ ရဲစခန်းတာဝန်ကျ ရဲတပ်သားက စခန်းထဲကို တုတ်နဲ့မ၀င်ဖို့တားတာကို ရဲစခန်းဝင်ပေါက်ကို ခြေထောက်နဲ့ ကန်ကျောက်ခဲ့တယ်လို့ သိရပါတယ်။
ဗဟန်းမြို့နယ် ရဲစခန်းက ရဲအရာရှိတစ်ဦးက  ဥပဒေအရ ဖြေရှင်းပေးမယ်ဆိုပြီး ဦးထွန်းရွှေလက်ထဲက တုတ်တွေကို သိမ်းဆည်းပြီး ရဲစခန်းထဲကို ခေါ်ဆောင်လာတဲ့အချိန်မှာ သူတို့နှစ်ဦးက မငြိမ်းငြိမ်းသူကို ထပ်မံရန်ပြုဖို့ ကြိုးစားခဲ့တယ်လို့ သိရပြီး ဦးထွန်းရွှေရဲ့သမီး မစန္ဒာထွန်းကလည်း စားပွဲခုံပေါ်ကဆိုင်းဘုတ်ကို ရိုက်ချိုးဖျက်ဆီးခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၃၅၃ အပြင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ် ၆(၁)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဗဟန်းမြို့မရဲစခန်းကနေ သိရပါတယ်။
Source : 7DayDaily