Breaking News


တိုင်ဂါနဲ့အတူ ဆက်စီအကျဆုံးဗီဒီယို ရိုက်ခဲ့တဲ့ ခိုင်လီဂျန်နာ


Loading...

အသက် ၁၉ နှစ်အရွယ် ခိုင်လီဂျန်နာဟာ ဖောက်ထွင်းမြင်ရတဲ့ တီရှပ်အဖြူလေးကို ဝတ်လို့ တစ်ကိုယ်လုံးလည်း ရေတွေရွှဲနစ်နေခဲ့ပါတယ်။
W မဂ္ဂဇင်းအတွက် ရိုက်ကူးထားတဲ့ ယင်းဗီဒီယိုဖိုင်အတိုလေးထဲမှာ ခိုင်လီဂျန်နာဟာ ဝတ်ထားတဲ့ တီရှပ်ကိုလည်း ချွတ်ပစ်ကာ ကြည့်ရှုသူအားလုံးကို အံ့သြမင်သက်စေခဲ့ပါတယ်။ဗီဒီယိုအစမှာ ရေတွေရွှဲနစ်နေတဲ့ အဖြူရောင်အင်္ကျီလေးဝတ်ထားတဲ့ ခိုင်လီဂျန်နာဟာ တဖြည်းဖြည်းချင်းနဲ့ အင်္ကျီကို အပေါ်ကို မချွတ်ပုံကို ပြသထားပါတယ်။
ဆံပင်တွေကလည်း ရွှဲရွှဲစိုနေပြီး နာမည်ကျော် ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ ခိုင်လီဟာ မျက်လုံးတွေကို မှိတ်လို့ ဆွဲဆောင်မှုအရှိဆုံးပို့စ်တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ကာဒါရှီယန်မိသားစုရဲ့ အငယ်ဆုံးဖြစ်တဲ့ ခိုင်လီကို အဓိကထားရိုက်တဲ့ ယင်းဗီဒီယိုရဲ့အဆုံးမှာတော့ သူမရဲ့ချစ်သူ တိုင်ဂါလည်း ပါဝင်လာခဲ့ပါတယ်။
"ဒီဗီဒီယိုကို ဘာမှပြန်ပြုပြင်မထားဘူး။ တစ်ခါတည်းပဲ လုပ်လိုက်တာ။ အရမ်းကို အကြမ်းဆန်တယ်။ အသားအရေကို ပြန်ပြင်တာတို့ ဘာတို့ ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲထားနိုင်ဖို့လည်း ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်" လို့ ယင်းဗီဒီယိုဖိုင်ရဲ့ဒါရိုက်ရတာ Sasha Samsonova က ပြောခဲ့ပါတယ်။
Loading...