Breaking News


အမြန်လမ်း ယာဉ်တိမ်းမှောက်၍ ၁၁လအတွင်း လူ၁၅၀ခန့် သေဆုံး၊တစ်ထောင်ကျော် ဒဏ်ရာရ


Loading...


ရန်ကုန်မန္တလေးအမြန်လမ်းတွင်ယခုနှစ်ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ၁၁လအတွင်း ယာဉ်တိမ်းမှောက်မှုများကြောင့် လူပေါင်း၁၅၀ခန့် သေဆုံးကာ၁၁၉၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်) မှ သိရှိရသည်။

ယာဉ်တိမ်းမှောက်မှုများ ၆၉၃မှုဖြစ်ပွားခဲ့ပြီး ယင်းအနက် အရှိန်ပြင်းမောင်းနှင်မှုကြောင့် တိမ်းမှောက်မှု ၂၉၀ရှိပြီး သေဆုံးသူ ၁၄၉ဦးရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးက ပြောကြားသည်။

“ဒီနှစ်ထဲဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေကိုကြည့်ရင် အရှိန်ပြင်းမောင်းနှင်မှုကြောင့် တိမ်းမှောက်ခဲ့တာ အများဆုံး တွေ့ရပါတယ်” ဟု ၎င်းကပြောဆိုသည်။

အမြန်လမ်းတွင်ယာဉ်မတော်တဆဖြစ်ပွားမှု လျှော့ချနိုင်ရန် သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနင်မှုများကို ယခုနှစ်စက်တင်ဘာလ၁ရက်နေ့မှစတင် ဖမ်းဆီးအရေးယူနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး စည်းကမ်းပျက်မော်တော်ယာဉ် ဖမ်းဆီးမှုအဖွဲ့မှ ခေါင်းဆောင်ရဲမှူးတစ်ဦးက ပြောကြားသည်။

သတ်မှတ်ချက်ထက်ကျော်လွန် မောင်းနှင်သဖြင့် တစ်လလျှင် ဖမ်းဆီးမှုယာဉ်စီးရေ ၁၅၀၀ကျော်ရှိကြောင်း ၎င်းကပြောဆိုသည်။
နိုဝင်ဘာလတွင် ယာဉ်မတော်တဆမှု ၆၁မှု ဖြစ်ပွားခဲ့ပြီး ၁၁ဦးသေဆုံးကာ ၁၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊
ယင်းအမှုများတွင် ကားဘီးပေါက်၍တိမ်းမှောက်မှု ၂၅ခုပါဝင်သဖြင့် ယာဉ်မောင်းများအနေဖြင့် မော်တော်ယာဉ် တာယာကြံ့ခိုင်မှုကို စစ်ဆေးရန်လိုအပ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။ 
Loading...