Breaking News


တာချီလိတ်တွင် သေနတ်ကိုင်လူငယ်တစ်ဦး ကျည်အတွဲလိုက်ပစ်ဖောက်

Loading...

မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဒီဇင်ဘာ ၁၅ ရက် ည ၁၂နာရီခန့်က လူငယ်တစ်ဦးသည် ခွေးတစ်ကောင်ကို သေနတ်ဖြင့်ပစ်သတ်သည့်အပြင် ကျည်အတွဲလိုက်ပစ်ဖောက်ခဲ့ရာ ဒေသခံများအထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ယင်းမြို့ဒေသခံများထံမှ သိရသည်။

"ကောင်လေးက အသက်၂၂နှစ်အရွယ်ဆိုပေမယ့် မိန်းမနဲ့ ကလေးရှိတယ်။ ရပ်ကွက်ထဲက သူ့ကိုဟောင်တဲ့ခွေးကို သေနတ်နဲ့တစ်ချက်ပစ်သတ်လိုက်တဲ့အပြင် နောက်ထပ်လဲကျည် ၁၁ချက်တိတိ ပစ်ဖောက်သေးတယ်"ဟု ယင်းမြို့ဒေသခံတစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံမြို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်ကို The Voice က အတည်ပြုမေးမြန်းရာ ယင်းပြစ်မှုကျုးလွန်သူသည် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဖြစ်သဖြင့် နယ်မြေခံစစ်ဗျုဟာတာဝန်ရှိသူများက တပ်မတော်ဥပဒေဖြင့်အရေးယူရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြောဆိုသည်။

လက်ရှိသေနတ်ပစ်ဖောက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ အလှပြင်ဆိုင်တစ်ဆိုင်တွင်လည်း ဒီဇင်ဘာ ၁၃ရက် မွန်းလွဲ ၂နာရီခွဲခန့်က အမည်မသိသေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်ခဲ့၍ အလှပြင်နေသည့်အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းပြစ်မှုကျုးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
http://thevoicemyanmar.com/news/4520-localnews
Loading...