Breaking News


ဘုတလင်မြို့တွင် အပျော်စီးရဟတ် ပျက်ကျ၊ ၉ တန်းကျောင်းသားတဦး သေဆုံး


Loading...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့မှာ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီလောက်က ကြောင်ပန်းဘုန်းကြီးကျောင်းတွင်း ကျင်းပတဲ့ ဘုရားပွဲဈေးမှာ အပျော်စီးရဟတ်တွဲတန်း ပျက်ကျခဲ့လို့ ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသားတဦး သေဆုံးသွားခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့ အပျော်စီးရဟတ်တွဲတန်းဟာ အမြင့်ပိုင်းက ပျက်ကျခဲ့တာဖြစ်ပြီး လူ ၃ ဦး ဒဏ်ရာရရှိသွားသလို လူငယ်တဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ မန္တလေးဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာပါ။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘုတလင်မြို့မရဲစခန်းမှ ရဟတ်တွဲ တာဝန်ရှိသူတွေကို ဖမ်းဆီးစစ်ဆေး အရေးယူထားတယ်လို့လည်း သိရပါတယ်။
ကြောင်ပန်းဘုရားပွဲဟာ ဘုတလင်မြို့မှာ နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပတဲ့ ဘုရားပွဲတပွဲလည်း ဖြစ်ပါတယ်။
Loading...