Breaking News


မုံရွာတွင် အရက်သောက်ပြီး ရေကန်ထဲဆင်းသော အမျိုးသားရုပ်အလောင်း ဆယ်ယူရရှိ

Loading...

မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ကန်သာယာရေကန်အတွင်း အရက်သောက်စား၍ ရေဆင်းချိုးစဉ် ရေနစ်သေဆုံးသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာ ၂၉ ရက်က ဆယ်ယူရရှိပြီဖြစ်ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဆွေမြင့်က ပြောသည်။
‘‘အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဆိုင်ကယ်ကယ်ရီမောင်းအမျိုးသားက အရက်သောက်စားပြီး ကန်သာယာရေကန်ထဲ ရေဆင်းချိုးရင်း ရေနစ် သေဆုံးတာပါ။ ရေနစ်သေဆုံးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်’’ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။
မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီ မောင်းသူ အသက် (၃၇) နှစ်အရွယ် အမျိုးသားတစ်ဦးသည် နိုဝင်ဘာ ၂၈ ရက် ညနေ၄ နာရီ ခွဲက အရက်သောက်စား၍ ကန်သာယာရေကန်အတွင်း ရေဆင်း ချိုးရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
Loading...