Breaking News

အသက်မပြည့်သေးသည့် ကျောင်းသားနှင့် အကြိမ်ရာနှင့်ချီအိပ်ခဲ့သည့် ဆရာမ ထောင်ကျဖွယ်ရှိ


Loading...
----------------------------




အသက်မပြည့်သေးတဲ့ ကျောင်းသားတစ်ဦးနဲ့ အကြိမ်ပေါင်းများစွာ အတူအိပ်ခဲ့တယ်လို့ တရားရုံးမှာ ဝန်ခံခဲ့တဲ့ အကဆရာမတစ်ဦးဟာ ထောင်ဒဏ် ၂ နှစ်အထိ ကျခံရဖွယ်ရှိနေကြောင်း သိရပါတယ်။ သူမရဲ့ အမှုကို တရားသူကြီးက လာမယ့်ဖေဖော်ဝါရီမှာ အမိန့်ချမှာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ အဆိုပါအကဆရာမဟာ အသက် ၁၇ နှစ်အရွယ် တပည့်ဖြစ်သူ ကျောင်းသားထံကို သူမရဲ့မလုံ့တလုံ ဓာတ်ပုံတွေ ပေးပို့ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့ပါတယ်။ တရားဥပဒေအရ အသက်မပြည့်သေးသူနဲ့ လိင်ပိုင်းဆိုင်ရာ ယှက်နွှယ်မှုရှိရင် ထောင်ဒဏ်ကျခံရမှာ ဖြစ်ပေမဲ့ သူမက တကယ်တမ်းမှာ သားကောင်အဖြစ် စတေးခံရတာဖြစ်ကြောင်း လူသိရှင်ကြား ပြန်လည်ထုတ်ဖော်ပြောကြားထားပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန် အထက်တန်းကျောင်းမှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ မယ်ရီဘက်သ်ဟာ ကျောင်းသားနဲ့  ဇာတ်လမ်းပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းမှာ ကျောင်းကအထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ သူမရဲ့အမှုကို တရားရုံးမှာ စစ်ဆေးနေစဉ် ကာလအတွင်းမှာ ဒီအဖြစ်အပျက်ကို Dr.Phil Show ဆိုတဲ့ ရုပ်သံအစီအစဉ်ကတစ်ဆင့် ပြန်လည်ဝေမျှဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။ ကျောင်းက အထုတ်ခံခဲ့ရပြီးတဲ့နောက် သူမဟာနိုက်ကလပ်တစ်ခုမှာ ညှို့အားပြင်းကကွက်တွေနဲ့ ဖောက်သည်တွေကို ဆွဲဆောင်တဲ့ အကမယ် ဖြစ်လာခဲ့ပါတယ်။
သူမကို မူလက တရားရုံးမှာ သာမန်ပြစ်မှုဆိုင်ရာ လမ်းကြောင်းနဲ့သာ စွဲချက်တင်ထားပေမဲ့ ရုပ်သံမှာ ပြောကြားချက်မှတ်တမ်းတွေအရ ပိုပြီးကြီးလေးတဲ့ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှု ပြစ်မှုနဲ့ပါ ထပ်မံစွဲချက်တင်နိုင်တဲ့အခြေအနေ ဖြစ်လာပါတယ်။ ဒါပေမဲ့ သူမရုပ်သံအစီအစဉ်မှာ ပါဝင်ပြောကြားမှုတွေကို တရားရုံးမှာ သက်သေအထောက်အထားအဖြစ် တင်ပြခွင့်မပြုဖို့ တရားသူကြီးက ကြိုတင်သဘောတူထားပြီးသားလို့ သိရပါတယ်။ အဆိုပါကျောင်းသားဟာ သူမကို အရင်ဖြားယောင်းမြှူဆွယ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သူမရဲ့ရည်းစားနဲ့ အကြပ်ကိုင်ကာ ကျောင်းသားဘက်က ဇာတ်လမ်းကို အတင်းရှေ့ဆက်တိုးခဲ့တာလို့ ဆိုပါတယ်။
" ကျွန်မရဲ့ အားနည်းချက်ကို သူသိသွားတယ်။ ဒါကိုသူက အားသာချက်အဖြစ်အသုံးချခဲ့တယ်။ အစပိုင်းမှာ ကျွန်မအတော်လေး လျစ်လျူရှုခဲ့ပါတယ်။ ဒါဟာ တရားမဝင်ဘူးဆိုတာ ကျွန်မသိတယ်" လို့ အကဆရာမ ဘမ်ဘီက ပြောပါတယ်။ သူမရဲ့ ရည်းစားနဲ့ ဇာတ်လမ်းပြတ်ပြီးနောက် ကျောင်းသားဘက်က ပို့တဲ့မက်ဆေ့ခ်ျတွေကို ပြန်ပို့ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ထဲမှာ ကိုယ်လက်နှီးနှောမှုအဆင့်ပါ ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Loading...