အသက် မပြည့်သေးသည့် အမျိုးသမီးကို ပေါင်းသင်းမှုဖြင့်ရွှေခါးပတ်ချန်ပီယံ သပြေညို ထောင်သုံးလကျ



_________________________________________________________

မြန်မာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံ တစ်ဦးဖြစ်သည့် သပြေညိုသည် မိဘအုပ်ထိန်းမှုအောက်က အသက် မပြည့်သေးသည့် အမျိုးသမီးကို ပေါင်းသင်းမှုဖြင့် ထောင်ဒဏ် သုံးလ ကျခံစေရန် ဘားအံမြို့နယ် တရားရုံးက ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) အမိန့်ချမှတ်ခြင်း ခံခဲ့ရကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ စီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောကြားသည်။
ယောက္ခမ ဖြစ်သူများက တရားစွဲဆိုခဲ့ခြင်းကြောင့် ပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ခံရပြီး ပြစ်ဒဏ် ကျခံခဲ့ရခြင်းဖြစ်ကြောင်း၊လက်ရှိအချိန်၌ သပြေညိုတွင် တစ်လသားအရွယ် သမီးငယ် တစ်ဦး ပိုင်ဆိုင်ထားကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ အသိုင်းအဝိုင်းထံမှ သိရသည်။
Photo - မြန်မာ့လက်ဝှေ့၊ သိုင်းလောကသားများပေ့ခ်ျ
Loading...