Breaking News


မောင်တော ငါးခူရကျေးရွာမှာ မီဒီယာတွေကို တွေ့ဆုံဖြေကြားတဲ့သူ ခေါင်းဖြတ် အသတ်ခံရ


Loading...

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ငါးခူရကျေးရွာကို ဒီဇင်ဘာလ ၂၁ ရက်က ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့တွေ လာရောက်ခဲ့ချိန်မှာ မီဒီယာတွေနဲ့တွေ့ဆုံဖြေကြားခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ဒုစ်မာမက်(ခ) ရှူနာမျာကို အကြမ်းဖက်သမားတွေက အဲဒီနေ့ ညနေပိုင်းမှာပဲ ခေါင်းဖြတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
“ညနေပိုင်းရွာထဲမှာရောက်လာတဲ့ သတင်းထောက်တွေမေးတာတွေကို ဖြေတယ်။ ရွာထဲက မီးလောင်တဲ့ နေရာတွေကိုလည်း လိုက်ပြခဲ့တယ်။ သတင်းထောက်တွေ ပြန်သွားတော့ ညနေ ၆ နာရီလောက် အိမ်ပြန်လာ အဝတ်အစားလဲပြီး ရွာထဲသွားဦးမယ် ဆိုပြီးထွက်သွားကတည်းက ၂၂ ရက်နေ့ထိ ပြန်မလာတော့တာပါ။ လိုက်ရှာလို့လဲ မတွေ့လို့ ငါးခူရစခန်းမှာ အကြောင်းကြားခဲ့တာပါ” အသတ်ခံရသူ  ဒုစ်မာမက်(ခ) ရှူနာမျာရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။
play

ပျောက်ဆုံးသွားတဲ့ ရှူနာမျာကို ငါးခူရနယ်မြေ ရဲစခန်းက တာဝန်ရှိသူတွေက လိုက်လံရှာဖွေရာမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ ဒိုးတန်းရွာနဲ့ ငါးခူရရွာကြား၊ စပါယ်ပင်ရင်းချောင်းနားက လယ်ကွင်းစပ်မှာ သွေးကွက်တွေတွေ့တဲ့အတွက် ဆက်လက်ရှာဖွေခဲ့ရာမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ ရှူနာမျာရဲ့ အလောင်းကို စပါယ်ပင်ရင်းချောင်းထဲမှာ ဦးခေါင်းမပါဘဲ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူ ဒုစ်မာမက်(ခ) ရှူနာမျာက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ  ငါးခူရကျေးရွာမှာ စစ်တပ်နဲ့ရဲက မီးရှို့တာ၊ အဓမ္မကျင့်တာ မရှိတဲ့အပြင် မတရားဖမ်းဆီးတာတွေမရှိဘူးလို့ ပြောခဲ့တဲ့အတွက် အကြမ်းဖက်သမားတွေက ဖမ်းဆီးသတ်ဖြတ်တာလို့ ယူဆထားပြီး ဒီဖြစ်စဉ်အတွက် ငါးခူရနယ်မြေစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
Source & Photos : DVB
Loading...