Breaking News


ထိုင်းနိုင်ငံသား ဇနီးမောင်နှံမောင်းနှင်သည့် ယာဉ်တိမ်းမှောက်ရာမှ အမျိုးသား သေဆုံး


Loading...
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့အ၀င်တွင် ထိုင်း နိုင်ငံသား ဇနီးမောင်နှံနှစ်ဦး မောင်းနှင်လာသည့် ကိုယ်ပိုင်ယာဉ်တစ်စီး အရှိန်လွန် တိမ်း မှောက်ရာမှ အသက်(၃၈)နှစ်အ ရွယ် အမျိုးသား ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

တာချီလိတ်မြို့ မယ်ယန်း ဘက်သို့ အသက်(၃၈)နှစ်အရွယ် ယာဉ်မောင်း Mr.Ltthinet မောင်း နှင်လာသည့် Vigo အမျိုးအစား ကိုယ်ပိုင်ယာဉ်သည် ဒီဇင်ဘာ ၁၉ ရက် နံနက် ၂ နာရီခန့်တွင် အ ရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ၀င်တိုက်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ် ကြောင်း တာချီလိတ်မြို့မရဲစခန်း က ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆို သည်။
‘‘ကားပေါ်မှာတော့ နှစ် ယောက်ပဲပါတာ။ သူတို့က လင် မယားတွေ။ ဘုန်းကြီးကျောင်းအ ရှေ့အကွေ့နားရောက်တော့ သစ် ပင်ကို အရင်တိုက်ပြီး မှောက်သွား တာ။ အမျိုးသမီးကတော့ စိုးရိမ် စရာမရှိပါဘူး’’ဟု ၎င်းက ဆို သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ခင်ပွန်းသည်မှာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့သော်လည်း အသက်(၃၈)နှစ်အရွယ် Miss. Aphon Padd ၌ ဒဏ်ရာများရရှိ ခဲ့သဖြင့် တာချီလိတ်ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း ၎င်း က ဆက်လက်ရှင်းပြသည်။
ယာဉ်တိမ်းမှောက်မှုနှင့်ပတ် သက်၍ သေဆုံးသွားခဲ့သည့် ယာဉ်မောင်း Mr.Ltthinet ကို တာချီလိတ်မြို့မရဲစခန်းက ရာဇ သတ်ကြီး ပုဒ်မ ၃၀၄(က)/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း တာချီလိတ်မြို့မရဲစခန်း မှ သိရသည်။
Loading...