Breaking News


ဇနီးသည်က ချစ်တင်းနှောဖို့ ငြင်းတာကြောင့် ခင်ပွန်းက ကိုယ့်ငယ်ပါကို ဓားနဲ့ဖြတ်

Loading...

အတူအိပ်ဖို့ အမြဲငြင်းဆန်နေတဲ့ ဇနီးသည်ဖြစ်သူကြောင့် ခင်ပွန်းတစ်ဦးဟာ စိတ်ရှုပ်ထွေးပြီး သူ့ရဲ့ယောက်ျားငယ်ပါကို ဓားနဲ့ ဖြတ်ပစ်လိုက်ကြောင်း သိရပါတယ်။
ဂါစီရမ်လို့ အမည်ရတဲ့ အဆိုပါ အမျိုးသားရဲ့ အဆိုအရ သူ့ရဲ့ဇနီးသည်ဟာ သူနဲ့အတူအိပ်ဖို့ ငြင်းဆန်နေခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။ တစ်ညမှာ ခင်ပွန်းဖြစ်သူက အရက်မူးကာ အိမ်ပြန်ရောက်လာပြီးနောက် အတူအိပ်ကြဖို့ ဇနီးသည်ကို တောင်းဆိုခဲ့ပေမဲ့ မလိုက်လျောခဲ့တာကြောင့် အိမ်မှာရှိတဲ့ ဓားကိုဆွဲယူကာ သူ့ရဲ့ငယ်ပါကို ဆွဲဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂါစီရဲ့ ဇနီးသည်ကတော့ သူ့ရဲ့ခင်ပွန်းဟာ အမြဲတမ်း မူးပြီးအိမ်ပြန်လာလေ့ရှိကြောင်း၊ သူ့ရဲ့စကားကို ဘယ်တော့မှ နားမထောင်ကြောင်း ပြောကြားခဲ့ပါတယ်။ သူမအနေနဲ့ အမှားဘာမှ မလုပ်ခဲ့ကြောင်း ဇနီးသည်ဖြစ်သူ ဒေဗီကပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ပရာဒက်ရှ်ဆိုတဲ့ပြည်နယ်က ရွာလေးတစ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။
ခင်ပွန်းဖြစ်သူက သူ့ရဲ့ငယ်ပါကို ဖြတ်လိုက်ပြီးနောက် ဇနီးသည်ဖြစ်သူက ဆရာဝန်ခေါ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ သူတို့ဇနီးမောင်နှံ နှစ်ဦးဟာ ၁၈ နှစ်ကြာ ပေါင်းသင်းလာကြသူတွေဖြစ်ပြီး သမီးတစ်ဦးနဲ့ သားနှစ်ဦး မွေးဖွားထားပါတယ်။ " အရက်တွေ အမြဲသောက်လာတိုင်း ကျွန်မက မသောက်ဖို့ ပြောတယ်။ ကျွန်မအရမ်းစိတ်ဆိုးတယ်။ သူကတော့ ကျွန်မကိုပဲ အပြစ်တင်တယ်။ ဒါပေမဲ့ ကျွန်မဘာမှ မလုပ်ခဲ့ဘူး" လို့ဇနီးသည် ဒေဗီက ပြောပါတယ်။

" ကျွန်တော်အတော်လေး  စိတ်ညစ်နေလို့ပါ။ သူနဲ့ကျွန်တော်အတူမအိပ်ရတာ ၁၀ နှစ်၊ ၁၂ နှစ်လောက်ရှိပြီ" လို့ ဂါစီက သတင်းထောက်ကို ပြောခဲ့ပါတယ်။
Loading...