မူးယစ်ဆေးစွဲနေတဲ့ ဖခင်က ၇လသားရဲ့ငယ်ပါကို ဖျစ်ညှစ်ပြီးသတ်ဖြတ်


_________________________________________________________

အင်္ဂလန်နိုင်ငံသား အသက် ၂၀ အရွယ် ကိန်းကနေဒီအား သားရင်းဖြစ်သူ အသက် ၇လအရွယ် အော်စကာဂျိုဘေး ကနေဒီကို သတ်ဖြတ်မှုနဲ့ ပရက်စတန်ခရောင်း တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ကလေးရဲ့ ငယ်ပါနဲ့လည်ပင်းကို လက်နဲ့ညှပ်ခြင်း၊ လိမ်ညှစ်ခြင်း သို့မဟုတ် ဖိချေတာမျိုး ပြုလုပ်ခဲ့ပြီး ကလေးရဲ့ပါးစပ်ကိုလက်နဲ့ပိတ်ထားခဲ့တာကြောင့် လသားအရွယ် ကလေးငယ်ဟာ သေဆုံးခဲ့ရတာပါ။ 

ကိန်းက အပြစ်ကိုဝန်မခံတဲ့အပြင် ကလေးမိခင်ကိုပါ အပြစ်ပုံချခဲ့လို့ သူမကိုရုံးတော်က ကလေးသူငယ်ပြစ်မှုနဲ့ ထောင်ဒဏ် လ ၃၀ ကျခံဖို့ အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ ဆက်လက်စစ်ဆေးချက်အရ ကိန်း ကနေဒီကသာလျှင် တရားခံအစစ်ဖြစ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကလေးရဲ့မိခင် ဂျိုဘေးက လွန်ခဲ့တဲ့နှစ်လကစပြီး ကလေးနဲ့ပတ်သက်လို့ သူမနဲ့ကိန်းကြား အငြင်းပွားရန်ဖြစ်မှုတွေ စတင်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ ကိန်းဟာ ဆေးခြောက်မသုံးစွဲရတဲ့ အခါမျိုးမှာ ဒေါသတကြီးဖြစ်နေတတ်တယ်လို့လည်း သူမက ပြောပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာတော့ ဆေးခြောက်မသုံးရလို့ စိတ်လွတ်နေတဲ့ကိန်းဟာ နုနယ်တဲ့ကလေးရဲ့ငယ်ပါ၊ လည်ပင်းနဲ့ မျက်နှာတွေကို ဖျစ်ညှစ်ခဲ့လို့ ကလေးဟာ သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ရုံးတော်က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကိန်းကို အပြီးသတ်ပြစ်ဒဏ်ချမှတ်မယ်လို့ သတင်းရရှိပါတယ်။
Source : Metro
Loading...