Breaking News


ပန်ဆိုင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးအား ရာထူးတိုးမြှင့်


Loading...

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်တွင် မြောက် ပိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်စဉ် ခုခံနိုင်ခဲ့ သော ပန်ဆိုင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးအား ရာထူး တိုးမြှင့်ပေးခဲ့သည်ဟု သတင်းရရှိ သည်။
နိုဝင်ဘာ ၂၀ ရက်က ပန် ဆိုင်းနယ်မြေရဲစခန်းကို မြောက် ပိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင် ၂၀၀ ကျော် လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် လာရောက်ပစ် ခတ်စဉ် စခန်းမကျဆုံးအောင်  ကာကွယ်နိုင်ခြင်းနှင့် ဘဏ္ဍာငွေ တိုက်ကို ရန်သူလက်ထဲ မရောက် ရှိအောင် ကာကွယ်ပေးနိုင်ခြင်းတို့ အတွက် ရာထူးတိုးပေးခြင်းဖြစ် သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရဲဦး စီး (၁) ဒုတိယရဲမှူးကြီးစန်းလွင်က ပြောသည်။
‘‘ရှမ်းမြောက်မှာ ဖြစ်တဲ့ဖြစ် စဉ်မှာ သူတို့ဆောင်ရွက်ခဲ့တဲ့အ ပေါ် မူတည်ပြီးတော့ တစ်ဆင့်တိုး ရာထူးချီးမြှင့်ပေးခဲ့တာပါ။ သူတို့ လုပ်ဆောင်ချက်က စခန်းကို ကျ ဆုံးခြင်းမရှိအောင်နဲ့ မိသားစုဝင် တွေကိုလည်း အချိန်မီ ထိခိုက်မှုမ ရှိအောင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ လို့ တစ်ဆင့်တိုးရာထူးချီးမြှင့်ပေး တာမှန်ပါတယ်’’ဟု ဒုတိယရဲမှူး ကြီးစန်းလွင်က ပြောကြားသည်။
ယင်းဖြစ်စဉ်တွင် ရဲစခန်းအ တွင်း ငွေတိုက်ရှိ နိုင်ငံပိုင်ငွေကျပ် သန်း ၄,၀၀၀ ဆုံးရှုံးမှုမရှိအောင် ကာကွယ်နိုင်ပြီး ယင်းဖြစ်စဉ်များ အတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးက နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် ရာထူးတိုး ဂုဏ်ပြုပေးခြင်းဖြစ် သည်။
ရဲတပ်ကြပ်ကြီးခုနစ်ဦးအား ရဲအရာခံရာထူး၊ ရဲတပ်ကြပ်လေး ဦးအား ရဲတပ်ကြပ်ကြီး ရာထူး၊ ဒု ရဲတပ်ကြပ် လေးဦးအား ရဲတပ် ကြပ်ရာထူး၊ ရဲတပ်သား လေးဦး အား ရဲဒုတပ်ကြပ်ရာထူးကို ဒုတိယ ရဲမှူးကြီးစန်းလွင် လက် မှတ်ဖြင့် တိုးမြှင့်ချီးမြှင့်ပေးခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တွင်ဖြစ်ပွားသည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နှင့် တပ်မတော် တို့အကြား တိုက်ပွဲများကြောင့် အရပ်သား ၁၀ ဦး၊ ပြည်သူ့စစ် တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦး၊ စုစု ပေါင်း ၁၄ ဦးအထိ သေဆုံးခဲ့သည် ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးကထုတ်ပြန်ထားသည်။
Loading...