Breaking News


ကန်တော်ကြီးသံပန်းကို ၀င်တိုက်ပြီး ကန်အတွင်းဝင်သွားသောကား


Loading...

ကာရံထားသော သံပန်းကို ၀င်တိုက်ကာ ကန်စပ်အနီးသို့ ရောက်ရှိသွားသည့်ကားကို တွေ့ရစဉ် (ဓာတ်ပုံ - Yangon Traffic Police Facebook)
မင်္ဂလာတောင်ညွန့်မြို့ နယ် နတ်မောက်လမ်းအတိုင်း မောင်းနှင်လာသည့်ပတ်ဆိုအငှား ယာဉ်သည် ဒီဇင်ဘာ ၇ ရက် မွန်း လွဲ ၁ နာရီကျော်တွင် ကားဘီး ပေါက်ကာ ကန်တော်ကြီးပန်းခြံ သံပန်းကို တိုက်ပြီး အတွင်းသို့ဝင် သွားခဲ့သည်။

အငှားယာဉ်မောင်းမှာ အသက်(၂၀)အရွယ်ရှိ ဖြိုးကျော်(ခ)ရှိုးခန့်ကောင်းကင်ဖြစ်ကာ ကားဘီးပေါက်ချိန်တွင် ခရီးသည်မပါကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးအောင်ကိုဦးက ပြောကြားသည်။
‘‘စည်ပင်ကတော့ သံပန်း ကျိုးသွားတဲ့အတွက် ဒဏ်ကြေး ငွေပေးဆောင်လို့ အမှုမဖွင့်ဘူး။ လူထိခိုက်မှုမရှိပေမယ့် ယာဉ်မ ဆင်မခြင်မောင်းနှင်လို့ လိုင်စင် ပိတ်ပြီး ချလန်ဖြတ်ပါတယ်။ လိုင် စင်ကိုတော့ ခြောက်လပိတ်သိမ်း မှာဖြစ်ပါတယ်’’ဟု ယာဉ်ထိန်း ရဲအရာရှိက ပြောသည်။
သံပန်းအတွင်း ဝင်ရောက်ခဲ့ ၍ ကားပျက်စီးမှုတန်ဖိုးငွေကျပ် တစ်သိန်းနှင့် သံပန်း ပျက်စီးမှုတန်ဖိုး ကျပ်ငါးသောင်းရှိခဲ့ကာ လူထိခိုက်မှုမရှိကြောင်းသိရသည်။
Loading...