တော်ဝင်စင်တာကအရောင်းစာရေးမလေးဓါးထိုးခံရမှုပြစ်မှုကျူးလွန်သူကို အလုပ်နဲ့ ထောင်ဒဏ်လေးနှစ်ချမှတ်


_________________________________________________________

တော်ဝင်စင်တာမှာအလုပ်လုပ်တဲ့မိန်းကလေးတစ်ဦးဓါးထိုးခံရမှုနဲ့ စွဲချက်တင်ခံရသူကို ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားလို့  စွဲဆိုထားတဲ့ ပုဒ်မများအရ အလုပ်နဲ့ ထောင်ဒဏ်လေးနှစ်ကျခံစေဖို့ 
အမှု စစ်တရားသူကြီးကယနေ့ အမိန့် ချပါတယ်။
သည်ဖြစ်စဉ်ကိုဒဂုံမြို့နယ်တရားရုံးက ပြစ်မှုကြီးအမှုအမှတ်၅၅/၂၀၁၆ အမှုဖွင့်ကာရာဇသက် ကြီးဥပဒေပုဒ်မ ၃၂၆နဲ့ (နာ ကျင်စေမှု)စွဲချက်တင်ခဲ့ပြီးပြစ်မှုကြီးအမှုအမှတ် ၆၂/၂၀၁၆
အမှုကိုတော့ လက် နက်ဥပဒေပုဒ်မ ၁၉ (င)နဲ့ စွဲချက်တင်ထားတဲ့အမှုဖြစ်ပါတယ်။ အမှုစစ်တရားသူကြီးက စွဲချက် တင်တရားခံဟာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ
၃၂၆ အရ အလုပ်နဲ့  ထောင်ဒဏ် သုံးနှစ်ကျခံစေဖို့ အမိန့် ချပါတယ်။ လက်နက်ဥပဒေပုဒ်မ ၁၉(င)စွဲချက်တင်ထားတဲ့အမှု ကိုတော့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလို့ အလုပ်နဲ့ ထောင်ဒဏ်
တစ်နှစ်ကျခံစေဖို့ အမိန့် ချတာဖြစ် ပါတယ်။ တရားခံကိုစစ်ဆေးချိန်က သမီးရည်းစားရန်ဖြစ်ရင်း က ဓါးနဲ့ ချိန်ရွယ်မိတာကို ၀င်လုလို့ အခု လိုဒဏ်ရာရတာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ဖြစ်စဉ်အကျဉ်းချုပ်
သည်ဖြစ်စဉ် ဟာ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက ဒဂုံမြို့ နယ် ပြည်လမ်း မပေါ်ကတော်ဝင်စင် တာပထမထပ်က မျက်မှန်အရောင်းဆိုင်က အသက် ၂၀ ၀န်းကျင်အရောင်းဝန်
ထမ်းမိန်းကလေးဓါးထိုး ခံရမှုဖြစ်ပါတယ်။ရုံးရှေ့ စွပ်စွဲခံရသူဟာ မိန်းကလေးရဲ့ ဘယ်ဘက်ပါး၊ လက် မောင်း၊လက်ဖျံနဲ့ ရင်အုတ်ကိုဓါးနဲ့ ထိုးပြီးထွက်ပြေးသွားတယ်ဆိုပြီး ဒဂုံမြို့နယ်ရဲစခန်းက
(ပ)၃၇/၂၀၁၆ ပြစ်မှုပုဒ်မ ၃၂၆ (အပြင်းအထန်နာ ကျင်စေမှု)၊ လက်နက်ဥပဒေပုဒ်မ၁၉(င)နဲ့ အမှုဖွင့်အရေးယူတရား ဆွဲဆိုထားတာဖြစ်ပါတယ်။
kumudranews
Loading...