Breaking News


ရဲရင့်အောင်ကိုပစ်သွားတဲ့ သင်ဇာနွယ်ဝင်း နောက်ဘဲကြီးနှင့် လက်ထပ်တော့မှာလား


Loading...



သင်ဇာနွယ်ဝင်းနှင့် ရဲရင့်အောင်ရဲ့ ဇာတ်လမ်းကတော့ ပြီးပြတ်သွားပြီလို့ပြောလို့ရပါတယ်။ ရဲရင့်အောင်ရဲ့ ပရိသတ်တွေ အတွက်တော့ လိုက်ဖက်တဲ့အတွဲ၊ အရမ်းကို ချစ်ဖို့ကောင်းတဲ့ အတွဲဆိုပြီး သတ်မှတ်ထားခဲ့ကြတာပါ။ သာမန်စုံတွဲတွေလို ပြတ်လိုက်ဆက်လိုက် နှင့် ဖြစ်နေခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ဒီတစ်ခေါက်မှာတော့ ပြန်ဆက်နိုင်ချေတော်တော်နည်းသွားပါပြီ။


ပရိသတ်တွေသိတဲ့အတိုင်း ဒီနေ့မှာ တော့ သင်ဇာနွယ်ဝင်း နှင့် အမျိုးသားတစ်ယောက် ပုံတွေ ဖေ့ဘွတ်ပေါ်တက်လာပြီး ရဲရင်အောင်နှင့် သူမရဲ့ ပရိသတ်တွေကြား ဂယက်ရိုက်သွားပါတယ်။ နောက်ဆက်တွဲတက်လာတဲ့ ပို့စ်မှာတော့ သူတို့နှစ်ယောက်ဟာ အနီရောင်မင်္ဂ္လာဝတ်စုံတွေဝတ်ကာ ဓာတ်ပုံတွေ ရိုက်နေကြတာကိုတွေ့လိုက်ရတဲ့အတွက် ပရိသတ်တွေက သူတို့နှစ်ယောက်လက်ထပ်တော့မှာလားဆိုပြီး သတင်းတွေထွက်နေပါတော့တယ်။




ထိုအမျိုးသားဟာ The Loft နှင့် Hotpot City ကိုပိုင်တဲ့သူလို့လဲ သတင်းတွေပြန့်နေပါသေးတယ်။ တချို့တွေကတော့ ရဲရင့်အောင်တစ်ယောက်ဝဋ်လည်ပြီဆိုပြီးပြောနေကြလေရဲ့

http://www.myanmarload.com/news/2320
Loading...