Breaking News


သေဒဏ်ကျ မြန်မာနှစ်ယောက်အတွက် သတင်းကောင်း


Loading...

ထိုင်းဘုရင်သစ် မဟာဗာဂျီရာလောင်ကွန်း ဘိုဒင်ဒရာဒီဘေယာဗာရာခွန်း နန်းတက်အထိမ်းအမှတ်အဖြစ် နိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၁၀၀,၀၀၀ ကို ပြစ်ဒဏ်လျှော့ပေါ့ သက်သာခွင့်ပေးမယ်လို့ ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြစ်ဒဏ်လျှော့ပေါ့ခံရတဲ့ အကျဉ်းသားတွေအနက် အကျဉ်းသား ၃၀,၀၀၀ ဟာ ယခုသီတင်းပတ်အတွင်း လွတ်မြောက်လာမှာဖြစ်ပြီး အခြား ၇၀,၀၀၀ မှာ လျော့ပေါ့ပြစ်ဒဏ်များ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ လွတ်မြောက်လာမယ့် အကျဉ်းသားတွေအနက် ယခုနှစ် ဇန်နဝါရီလအတွင်းက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ထင်ရှားတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်ဟောင်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းရှင် ချူဗစ် ကမ်မိုလ်ဗီဆစ်လည်း ပါဝင်ကြောင်း သိရပါတယ်။

ချူဗစ်ဟာ ပြစ်ဒဏ်လျှော့ပေါ့မှု ဒုတိယအကြိမ် ရခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ယခုနှစ် သြဂုတ်လ ၈ ရက်ကလည်း ကံတော်ကုန်ခဲ့ပြီဖြစ်တဲ့ ဘုရင်ဘူမီဘော နန်းသက် ၇၀ ပြည့်နဲ့ မိဖုရားသီရိခေတ်ရဲ့ ၈၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပါတယ်။
ထိုင်းဘုရင်သစ် မဟာဗာဂျီရာလောင်ကွန်းက အကျဉ်းသားများ ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပြုကြောင်း ဘုရင့်အမိန့်ကို ဒီဇင်ဘာ ၁၁ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။
ပြစ်ဒဏ်လျှော့ပေါ့ပေးမှုအရ သုံးလထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ခံရသူများ၊ ဒဏ်ငွေအစား ပြည်သူ့ဝန်ဆောင်မှု အလုပ်များလုပ်ကိုင်တဲ့ အကျဉ်းသားများ၊ ထောင်ဒဏ်မပြည့်သေးဘဲ ခံဝန်ချက်ဖြင့် လွှတ်ပေးခံထားရသူများ၊ မသန်းစွမ်းနဲ့ မျက်မမြင် အကျဉ်းသားများ၊ ကင်ဆာ၊ အနာကြီးရောဂါ၊ HIV ပိုးရှိသူ၊ နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသူ၊ စိတ်ပိုင်းဆိုင်ရာ မူမမှန်သူများနဲ့ အသက် ၂၀ မပြည့်သေးတဲ့ ပထမဆုံးအကြိမ် ထောင်ကျခံရတဲ့ အကျဉ်းသားများ အကျုံးဝင်ပါတယ်။
ဒါ့အပြင် သေဒဏ်ကျခံရတဲ့ အကျဉ်းသားများကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်သို့လျှော့ပေါ့ပေးခဲ့ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရတဲ့ အကျဉ်းသားတွေကို နှစ် ၅၀ ထောင်ဒဏ်နဲ့ သင့်လျော်တဲ့ ပြစ်ဒဏ်ကာလ လျှော့ချပေးထားကြောင်း သိရပါတယ်။
Source & Photo: Bangkok Post
Loading...