အမြန်လမ်း ၉၁ မိုင်အနီးတွင် မန္တလာမင်း ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ရာ ထိခိုက်သေဆုံးသူများပြား

_________________________________________________________

ပဲခူးတိုင်းဒေသကြီး မြို့ချောင်းအမြန်လမ်းရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယနေ့(ဒီဇင်ဘာ ၂၂ ရက်) ည ၇ နာရီခွဲခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့
ထွက်ခွာလာသည့် မန္တလာမင်း ခရီးသည်တင်မှန်လုံယာဉ်သည် မိုင်တိုင်အမှတ် ၉၁ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြားသို့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံးတားနှစ်ခုအကြား ရိုးချောင်းထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ည ၉ နာရီခွဲအချိန်သိရှိချက်အရ ယာဉ်ပေါ်ပါ ခရီးသည်များအနက် ခုနှစ်ဦးသေဆုံးကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
Image may contain: one or more people and night

Image may contain: one or more people and people standing
“အကြမ်းမျဥ်းကတော့ တံတားနှစ်စင်းရဲ့ကြားထဲ တည့်တည့်ကို၊ အုတ်ခုံကို တိုက်ပြီးတော့ အောက်ကမြောင်းထဲကို တည့်တည့်ပဲ ကျသွားတယ်၊ ရိုးချောင်းထဲကို ကျသွားတာ အဲ့အတိုင်း ဆင်းချသွားတာပေါ့၊ ၉၁ မိုင်ကျော်မှာ ဖြစ်တာပါ၊ လာနိုင်ရင် လာပေးပါ၊ ပိတ်မိတဲ့လူတွေ ထုတ်နေလို့ပါ၊ ရိုးချောင်းထဲ ဆင်းချသွားတော့ ဒရိုင်ဘာညှပ်ပြီးသေတယ်၊ အခုချိန်အထိ ထုတ်တုန်းပဲ၊ ထိခိုက်သေဆုံးတွေ ရှိပါတယ်၊ လောလောဆယ် ဒရိုင်ဘာပါ ထိခိုက်သွားတဲ့အတွက် စုံစမ်းစစ်ဆေးတုန်းပဲပေါ့၊ အခုလောလောဆယ်တော့ ဘာမှမပြောနိုင်သေးပါဘူးခင်ဗျ” ဟု ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ သွားရောက် ကူညီပေးနေသည့် မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ည ၉ နာရီခန့်က အတည်ပြုပြောကြားသည်။




ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်အတွင်း ပိတ်မိနေသူများလည်း ရှိနေပြီး မြို့ချောင်း၊ ဖြူး အမြန်လမ်းမကြီးရှိ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ၊မြို့ချောင်း၊ ဖြူး အမြန်လမ်းမကြီး မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖြူး၊ မြို့ချောင်းချာင်းနှင့် တောင်ငူနည်းပညာတက္ကသိုလ်မှ လူမှုကူညီရေးအသင်းအဖွဲ့တို့မှ သွားရောက်ကူညီ ဆောင်ရွက်ပေးလျှက်ရှိပြီး ထိခိုက် ဒဏ်ရာရရှိသူများအား မြို့ချောင်းတိုက်နယ်ဆေးရုံနှင့် နီးစပ်ရာဆေးရုံများသို့ လွှဲပြောင်းပို့ဆောင်ကုသရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်ရာတွင်
National AIDS Program မှ Team Leader အဖွဲ့ဝင်များလည်း ပါသွားခဲ့ကြောင်း သိရသည်။
■ ဇော်ဝင်းချစ်(တောင်ငူ)

Loading...