Breaking News

ကျောင်းစာသင်ချိန်အတွင်း ဓားထိုးမှုဖြစ်၍ ဒသမတန်းကျောင်းသားသေဆုံး


Loading...

မန္တလေးတိုင်းဒေသ ကြီး တံတားဦးမြို့နယ် တံတားဦး အခြေခံပညာအထက်တန်း ကျောင်းတွင် ဒီဇင်ဘာ ၁၅ ရက် က စာသင်ခန်းအတွင်း ဒသမ တန်းကျောင်းသားတစ်ဦး ဓားထိုး ခံရ၍ သေဆုံးခဲ့ကြောင်း တံတား ဦးမြို့နယ် ရဲစခန်းမှ သတင်းရရှိ သည်။
စာသင်ခန်းအတွင်း ဆရာမ စာသင်နေချိန်တွင် ခုံချင်းကပ်လျက်ထိုင်နေသည့် ကျောင်းသားနှစ်ဦး ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အသက် (၁၆) နှစ်အရွယ် ကျောင်းသား တစ်ဦး သေဆုံးခဲ့သည်ဟု တံတား ဦးမြို့ခံများက ပြောသည်။
‘‘ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး  တစ်ဦးဆုံးသွား တာဟုတ်ပါတယ်။ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး ကျူးလွန်တဲ့ကျောင်းသားကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ကျောင်း သားအချင်းချင်း ဖြစ်တာပါ’’ဟု တံတားဦးမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။အခင်းဖြစ်ပွားသော ကျောင်းသားနှစ်ဦးသည် ဒသမတန်း(C) တွင်  ပညာသင်ယူနေပြီး စကားများရန်ဖြစ်ရာမှ အငြိုးထားကာ ဓားဖြင့်ထိုးခြင်းဖြစ်သည်ဟု  ဒေသခံများကဆိုသည်။
‘‘အတန်းထဲမှာ ဆရာမစာ သင်နေချိန် ဖြစ်သွားတာတဲ့။ ခုံ ချင်းကပ်လျက် ထိုင်တဲ့ကျောင်း သားအချင်းချင်းပဲ။ အဲဒီကျောင်း သားလေးတွေက တံတားဦးမြို့ ပေါ်က မဟုတ်ဘူး။ တံတားဦး တောင်ဘက်ရွာတွေက။   သွား ရေးလာရေးခက်လို့ မြို့ပေါ်မှာ အဆောင်နေပြီး ကျောင်းတက် တာ။ သူတို့နှစ်ယောက်က အရင် ကတည်းက    အဆောင်တစ်ခု တည်းမှာ အတူတူနေခဲ့ကြတယ် လို့ သိရတယ်’’ဟု ကျောင်းသို့ သွားရောက်ကြည့်ရှုသည့် တံတားဦးမြို့ခံ    အမျိုးသားတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် မြို့ ခံများ လာရောက်ကြည့်ရှုသူများ ပြားသောကြောင့် ဆရာ၊ ဆရာမများက ကျောင်းဝင်းတံခါးများ ပိတ်ပစ်ခဲ့ရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေး နေကြောင်း    တံတားဦးမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။
Loading...