Breaking News


၇ နှစ်အရွယ်ကျောင်းသားကို တုတ်ဖြင့် ၉၉ ချက်ရိုက်နှက်သည့် ဆရာမကို ရဲစခန်းတွင် တိုင်တန်း


Loading...
ကျောင်းဆရာမဟာ မကြာသေးခင်ကမှ အလုပ်စဝင်ခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ စာသင်ခန်းရဲ့ ပြင်ပကို ခွင့်ပြုချက်မရှိဘဲ ထွက်ခဲ့တဲ့အတွက် ခုလိုရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အသက် ၇ နှစ်အရွယ် တတန်းကျောင်းသားတဦးကို တုတ်နဲ့ ၉၉ ချက်တိတိ ရိုက်နှက်ခဲ့တဲ့ ကျောင်းဆရာမတဦးဟာ ရဲစခန်းမှာ တိုင်တန်းခံခဲ့ရပြီး အမှုရင်ဆိုင်နေရတယ်လို့ ဒေးလီးနယူးစ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့မြောက်ဘက် ပထုံဌာနီခရိုင်၊ ခလောင်-၂ အရပ်က စာသင်ကျောင်းတကျောင်းမှာဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်း ကျောင်းဆင်းချိန် မိခင်က ကလေးငယ်ကို သွားရောက်ကြိုခဲ့ချိန်မှာ တွေ့ရှိခဲ့ရတာပါ။
အဲဒီကျောင်းဆရာမဟာ မကြာသေးခင်ကမှ အလုပ်စဝင်ခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ စာသင်ခန်းရဲ့ ပြင်ပကို ခွင့်ပြုချက်မရှိဘဲ ထွက်ခဲ့တဲ့အတွက် ခုလိုရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
သတင်းထောက်တွေဟာ အသက် ၅၀ အရွယ် မိခင်နေထိုင်ရာအိမ်ဆီ သွားရောက်တွေ့ဆုံခဲ့ချိန်မှာတော့ ကလေးငယ်ရဲ့ နောက်ကျောဘက်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် ပေါက်ပြဲထိခိုက်ဒဏ်ရာတွေ တွေ့ရှိခဲ့ကြတာပါ။
မျက်မြင်သက်သေတွေရဲ့ အဆိုအရ ကလေးငယ်ကို ရိုက်နှက်ခဲ့တဲ့တုတ်မှာ တိပ်ပတ်ထားခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
ကလေးငယ်ကို ရိုက်နှက်ခဲ့ချိန်မှာ တခြားဆရာတွေနဲ့ ဝန်ထမ်းတွေက ဖျန်ဖြေဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ကျောင်းဆရာမရဲ့ ရှေ့နေဖြစ်သူက သူတို့ဘက်က တောင်းပန်ပေးဖို့ နည်းလမ်းတစုံတရာ မရှိဘူးလို့ ပြောခဲ့ချိန်မှာ မိခင်ဖြစ်သူက ဒီအမှုကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ရဲစခန်းကို တိုင်ကြားထားခဲ့တာပါ။
ထိုင်းနိုင်ငံ ကျောင်းတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကလေးငယ်တွေကို ရက်ရက်စက်စက် ရိုက်နှက်အပြစ်ပေးတာမျိုးကို တားမြစ်ထားခဲ့တာဖြစ်ပေမယ့် လက်ရှိကာလအထိ ကလေးငယ်တွေအပေါ် နှိပ်စက်အပြစ်ပေးတာမျိုးတွေ တွေ့နေရဆဲ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Loading...