Breaking News


ရှစ်နှစ်သမီးကို မုဒိမ်းကျင့်ပြီး ၂ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ဖမ်းမိ

Loading...

အိမ်နီးချင်းတဦးရဲ့ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူ အမျိုးသားက ဝန်ခံကာ အဖမ်းခံခဲ့ပေမယ့် သားဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။

ထိုင်းနိုင်ငံမှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦးကို မုဒိမ်းကျင့်ပြီးနောက် ၂ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ တရားခံ အမျိုးသားတဦးကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေးလီးနယူးစ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အခုအခါ အသက် ၂၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဝမ်အမည်ရတဲ့ အဲဒီအမျိုးသားကို ရက်ခ်ျနာဘူရီခရိုင်တွင်းက ဂက်စ်ဆိုင်တဆိုင်အနီးမှာ ဖမ်းမိခဲ့တာလို့ ရက်တ်နာသီဘက်ခရိုင်ရဲတွေက ပြောပါတယ်။
တရားခံကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးမိန့် ဝရမ်းထုတ်ပြန်ခဲ့ပြီး ၂ နှစ်အကြာမှာ ဖမ်းမိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီအမှုဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ဖြစ်ခဲ့တာပါ။ အဲဒီ ရှစ်နှစ်သမီးရဲ့ မိခင်ဖြစ်သူဟာ အမျိုးသားတဦးနဲ့ နောက်အိမ်ထောင်ပြုချိန် နောက်အိမ်ထောင်အမျိုးသားမှာ သားတဦး ပါလာခဲ့ပါတယ်။
မိခင်ဖြစ်သူ အမျိုးသမီးဟာ အလုပ်သွားချိန်မှာ သမီးဖြစ်သူကို အဲဒီသားအဖနဲ့ နေအိမ်မှာ ထားခဲ့ချိန် အိပ်ခန်းတွင်းမှာ သားအဖနှစ်ဦးစလုံးက အဓမ္မပြုကျင့်ခဲ့ကြတာပါ။
အိမ်နီးချင်းတဦးရဲ့ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူ အမျိုးသားက ဝန်ခံကာ အဖမ်းခံခဲ့ပေမယ့် သားဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။
လက်ရှိမှာတော့ သူ့ကို ဖမ်းဆီးနိုင်ခဲ့ပြီး လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Loading...