ရတနာမိုင်လည်း လူမျိုးခြားကို မယူမိစေရန် သင်္ခန်းစာပေးခြင်း

Loading...
_________________________________________________________

ကွကိုဝေဖန်သုံးသတ်ကြပါ
==================

ရတနာမိုင်အား အထင်လွဲခြင်းမှ ရပ်တန့်ပေးကြပါရန် နှင့် ရတနာမိုင်လည်း လူမျိုးခြားကို မယူမိစေရန် သင်္ခန်းစာပေးခြင်းဟူ၍သာ ဖြေသိမ့်ပေးပါရန်
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=




ရတနာမိုင်နှင့် ချစ်သူဖြစ်နေတာမဟုတ်ဟု Narga Yar Zar အကောင့်ပိုင်ရှင်မှ ပိုစ့်တင်ပြီး ရတနာမိုင်၏ အမာခံပရိတ်သတ်တစ်ဦးသာဖြစ်ကြောင်းကို ဖြေရှင်းထားပါသည် ။ ရတနာမိုင်မှလည်း ၎င်း၏ပိုစ့်၌ Comment ပေးထားပါသည် ။

ယခုခေတ်တွင် နိုင်ငံကျော် အဆိုတော်တစ်ဦးနှင့် အမှတ်တရဓါတ်ပုံရိုက်ပြီး ဖေ့ဘုတ်ပေါ်တင်ကာ အာလူးဖုတ်ကြခြင်းများ များပြားလျှက်ရှိပါသည် ။ သို့သော် ရခိုင်သူတစ်ဦးသည် လူမျိုးခြားတစ်ဦးနှင့်အတူ မြင်လိုက်ရသောအခါ ရခိုင်တို့၏ရင်ထဲမှာ မျိုးစောင့်လိုစိတ်မရှိရလေငြားဟု ဒေါသဖြစ်ပြီး ထင်ရာရမ်းမိကြသည်ကိုလည်း ရတနာမိုင်အနေနဲ့ နားလည်ပေးမည်ဟု ယုံကြည်မိပါသည် ။






သို့ဖြစ်ပါသောကြောင့် ကနဦး အစချီ၍ ဖေ့ဘုတ်ပေါ်တင်သူများလည်း အဆိုပါပိုစ့်ကို ဖျက်သင့်သည်ဟု ထင်မိပါသည် ။ မဟုတ်မမှန်သော ဖွသတင်းသာဖြစ်၍ ရတနာမိုင်အနေနဲ့လည်း အရှက်ရသွားပါလိမ့်မည် ။ ယင်းကြောင့် ရခိုင်သူတစ်ဦး၏ အရှက်ဣနြေ္ဒနှင့် ဂုဏ်သိက္ခာကို ငဲ့သောအားဖြင့် အမှန်တရားကို ကြားဝင်ဖြေရှင်းရခြင်းသာဖြစ်ပါသည် ။

မြတ် ခွါ ညို
Loading...

နောက်ဆုံးရသတင်းများ ⇩⇩⇩