Breaking News

သက်ငယ်မုဒိမ်းမှုကျူးလွန်သူတစ်ဦးကို ပြည်ခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ် (၂၀) ချမှတ်



Loading...

 ပြည်မြို့တွင် အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား သားမယားပြုကျင့်ခဲ့သူ အသက်(၄၃)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၉ရက်က မုဒိမ်းမှု၏ အမြင့်ဆုံးပြစ် ဒဏ်အဖြစ် ထောင်အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း ပြည်ခရိုင်တရား ရုံးမှ သတင်းရရှိသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန် သူ အသက်(၄၃)နှစ်အရွယ် အ မျိုးသားသည် တရားစွဲဆိုမခံရမီ က ပြည်မြို့ ခမ်းရတနာ ရှမ်းသာ သနာပြု ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင် ဆရာတော်အဖြစ် ၀ါတော် ၁၉ ၀ါအထိ သီတင်းသုံး နေထိုင်ခဲ့သူဖြစ်ကြောင်း ပြည်မြို့ မရဲစခန်းမှ သိရသည်။
၎င်းသည် ၂၀၁၄ စက်တင် ဘာအတွင်းက ဘုန်းကြီးကျောင်း ရှိ ပရဟိတမူလတန်းလွန်ကျောင်း သို့ လာရောက်ပညာသင်ကြားနေ သည့် အသက်(၁၂)နှစ်အရွယ် မိန်းကလေး၏ ခြေနှင့်လက်တို့ကို ကြိုးဖြင့်တုပ်ကာ သားမယားပြု ကျင့်ခဲ့၍ ယင်းကျောင်းတွင် စာ သင်ကြားပေးနေသည့် ဆရာမ တစ်ဦးက တရားလိုပြုတိုင်ကြားခဲ့သဖြင့် မုဒိမ်းမှုပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုခဲ့ပြီး သာသနာညှိုးနွမ်း စေမှုဆိုင်ရာပုဒ်မ ၂၉၅ အရပါသာသနာရေးဦးစီးဌာနက တရားစွဲဆိုခဲ့သည်။
‘‘တရားရုံးတင်စစ်ဆေးတာ ၂ နှစ်လောက် ကြာတယ်။ မုဒိမ်း မှု ပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ် ဒဏ်ထောင်ဒဏ် ၂၀ နှစ် ချမှတ် ခဲ့တယ်။ သာသနာညှိုးနွမ်းစေမှုက ပြစ်ဒဏ် ၂ နှစ်ပါချမှတ်တယ်။ တစ်ပေါင်းတည်း ကျခံစေတဲ့အ တွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ကျခံရမှာဖြစ်ပါတယ်။အခု လို သက်ငယ်မုဒိမ်းမှုကို အမြင့်ဆုံး  ပြစ်ဒဏ်ချမှတ်ပေးတာဟာ သေဒဏ်မဟုတ်ပေမယ့် မုဒိမ်းမှုကို အနည်းငယ်တော့ ဟန့်တားမှု တော့ ဖြစ်စေနိုင်မယ်လို့ ထင် တယ်။ ခံစားရသူတွေအဖို့လည်း ကျေနပ်နှစ်သိမ့်ခွင့်၊ ကုစားခွင့်ရ ရှိဖို့လည်း လိုပါတယ်’’ဟု တရား လိုဘက်မှ အကျိုးဆောင်တရား လွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာ  ကပြောကြားသည်။
Loading...