အတိတ်ဘဝတွင် ချစ်သူများဖြစ်ခဲ့သည်ဟု မိဘများက ယုံသဖြင့် သုံးနှစ်အရွယ် အမြွှာကို လက်ထပ်ပေး

_________________________________________________________
 မိမိသား သမီးနှစ်ဦးသည် အတိတ်ဘဝတွင် ချစ်သူ များဖြစ်ခဲ့ကြသော်လည်း အဖြစ်ဆိုး ကြောင့် တစ်ကွဲတပြားစီ ဖြစ်သွားခဲ့ရ ကြောင်း၊ 
-----------------------------------------
ထိုင်းနိုင်ငံတွင် သုံးနှစ်အရွယ် အမြွာ မောင်နှမကို မိဘများကမင်္ဂလာဆောင် ပေးခဲ့ကြကြောင်း သိရသည်။ ထိုအမြွှာ သည် ဘဝဟောင်းတွင် ချစ်သူများဖြစ်ခဲ့ ကြသည်ဟု မိဘများက ယုံကြည်သဖြင့် ゞင်းတို့အား လက်ထပ်ပေးခြင်းဖြစ်သည်။ အမြွှာမောင်နှမသည် ရိုးရာမင်္ဂလာဝတ်စုံ များ ဝတ်ဆင်ကာ အန်သွန်ပြည်နယ်တွင် မင်္ဂလာပွဲ နွှဲခဲ့ခြင်းဖြစ်သည်။ မိမိသား သမီးနှစ်ဦးသည် အတိတ်ဘဝတွင် ချစ်သူ များဖြစ်ခဲ့ကြသော်လည်း အဖြစ်ဆိုး ကြောင့် တစ်ကွဲတပြားစီ ဖြစ်သွားခဲ့ရ ကြောင်း၊ ထို့ကြောင့် ယခုဘဝတွင် အမြွှာ အဖြစ်ပြန်လည်ဝင်စားခြင်းဖြစ်ကြောင်း၊ ゞင်းတို့လက်မထပ်ပါက တစ်ဦးဦးသည် သေဆုံးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ゞင်းတို့နှစ်ဦး ယခုဘဝတွင်လည်း တစ်ဦး နှင့်တစ်ဦး မေတ္တာရှိနေသေးကြောင်း နတ်ဘုရားများ သိစေရန် လက်ထပ်ထိမ်း မြားပေးခြင်းဖြစ်ကြောင်း မိဘများက ဆိုသည်။
ယောကျာ်းလေးဖြစ်သူ ကလေးက မိန်းကလေးဖြစ်သူ ကလေးအား ရွှေများ၊ ငွေကြေးများဖြင့်ပင် တင်တောင်းလိုက်သေး သည်။ ထိုပွဲကိုရွာသားများနှင့်ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။ သို့သော် ယင်း မင်္ဂလာပွဲသည် အမည်ခံသာဖြစ်ပြီး ဥပဒေ အရ အကျုံးမဝင်ပေ။ ထိုကလေးများ အရွယ်ရောက်လာလျှင် ချစ်သူ အသီးသီး ဖြင့် လက်ထပ်သွားကြမည်သာဖြစ်သည်။
Pyi Myanmar
Loading...