ကျောင်းသားအချင်းချင်း ပါးရိုက်ခိုင်းသည့် ဗွီဒီယိုထွက်ပေါ်၊ ဆရာဖြစ်သူ အလုပ်ထုတ်ခံရ (ရုပ်သံ)

_________________________________________________________
ဒီလိုကျောင်းသားတွေကို အချင်းချင်းပါးရိုက်ခိုင်းတဲ့ ဗွီဒီယိုရုပ်သံဟာ ဒီဇင်ဘာလ ၈ ရက်နေ့က ထွက်ပေါ်လာတာဖြစ်ပြီး
တရုတ်နိုင်ငံက ကောလိပ်ကျောင်းတစ်ကျောင်းမှာ ဆရာက ကျောင်းသားတွေအချင်းချင်း တဦးနဲ့တဦး ပါးရိုက်ခိုင်းခဲ့တဲ့ ၂ မိနစ်ကြာ ရုပ်သံဗွီဒီယို လက်တစ်လောထွက်ပေါ်လာလို့ လူတော်တော်များက ဝေဖန်ပြစ်တင်နေကြပါတယ်။
စီစီတီဗွီရဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ရုပ်သံဗီဒီယိုထဲမှာ ဆရာက ကျောင်းသားတဦးနဲ့တဦးကို ပါးရိုက်ခိုင်းခဲ့လို့ အနည်းဆုံးကျောင်းသား စုစုပေါင်း ၁၃ ဦးဟာ စာသင်ခန်းရဲ့ပြင်ပမှာရပ်နေကြရပါတယ်။
ကျောင်းသားအချင်းချင်း သေသေချာချာ ပါးမရိုက်ဘူးလို့ထင်ရင် ဆရာက သူကိုယ်တိုင် ကျောင်းသားတွေရဲ့ပါးကို ရိုက်ပါတယ်။
ဒီလိုကျောင်းသားတွေကို အချင်းချင်းပါးရိုက်ခိုင်းတဲ့ ဗွီဒီယိုရုပ်သံဟာ ဒီဇင်ဘာလ ၈ ရက်နေ့က ထွက်ပေါ်လာတာဖြစ်ပြီး ဒီရုပ်သံကို တရုတ်နိုင်ငံ အနောက်ပိုင်း ဂန်စုခရိုင် Zhangye မြို့မှာရှိတဲ့ Hexi တက္ကသိုလ်မှာ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။
ကျောင်းသားတွေဟာ ညနေပိုင်းအတန်းကို နောက်ကျတဲ့အတွက် ဒီလိုအပြစ်ပေးခံရတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ဂန်စုခရိုင် ပညာရေးဌာနက ဒီကျောင်းဆရာကို အလုပ်က ထုတ်လိုက်ကြောင်း အမိန့်ထုတ်ခဲ့ပါတယ်။
ဆရာက သူရဲ့မှားယွင်းတဲ့အပြုအမူအတွက် လူသိရှင်ကြားတောင်းပန်ခဲ့သလို ကျောင်းသားတွေကိုလည်း သူ့ကိုမမုန်းကြဖို့ ပြောခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့်ကျောင်းသားတွေက ဆရာ့ကို ခွင့်လွှတ်ချင်ပုံမပေါ်ပါဘူး။ လူမှုကွန်ရက်ပေါ်မှာ လူတွေက ဒေါသဖြစ်နေတဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရေးသားကြပြီး ဒီလူတွေဟာ ဆရာကိုသာမက ဒီလိုလုပ်တာကို ဘာမှပြန်မပြောတဲ့ ကျောင်းသားတွေကိုပါ ဒေါသဖြစ်တယ်လို့ သိရပါတယ်။
“ဘယ်ကျောင်းသားတယောက်ကမှ ဆရာကို မလုပ်သင့်ကြောင်း ပြန်မပြောကြဘူး။ တက္ကသိုလ်ပညာသင်ကြားရေးစနစ်က ဘာတွေဖြစ်ကုန်ပြီလည်း” လို့ ဝီဘိုသုံးစွဲသူတဦးက ရေးသားထားပါတယ်။
Loading...