Breaking News

တရုတ်နိုင်ငံ၏ Alibabaကို အမေရိကန်က အမည်ပျက်စာရင်းသွင်း




Loading...
----------------------------


တရုတ်နိုင်ငံ၏ အကြီးဆုံးအွန်လိုင်းကုန်သွယ်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် Alibabaကို အမေရိကန်က အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သိရသည်။ လွန်ခဲ့သောလေးနှစ်ခန့်က အမည်ပျက် စာရင်းမှ ဖယ်ရှားပေးခဲ့သော်လည်း Alibaba၏ အွန်လိုင်းအရောင်းဌာနဖြစ်သည့် Taobaoမှ စည်းမျဉ်း စည်းကမ်းဖောက်ဖျက်ကာ ကုန်ပစ္စည်း အမှတ်တံဆိပ်တုများ မြောက်မြားစွာ ရောင်းချနေသည့်အတွက် အမည်ပျက်စာရင်းပြန်လည်သွင်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ Alibabaကမူ ယင်းစွပ်စွဲမှုကို ငြင်းဆန်ထား ခဲ့ပြီး လက်ရှိအမေရိကန်နှင့်တရုတ်နိုင်ငံရေးတင်းမာမှုများကြောင့် ယခုကဲ့သို့အမည်ပျက်စာရင်းသွင်းခံရခြင်းသာ ဖြစ်နိုင်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားထားခဲ့သည်။ ၂၀၁၆ခုနှစ်အစောပိုင်းမှစကာ ゞင်း၏ အွန်လိုင်းအရောင်း ဌာနတွင် လာရောက်တင်သည့် အရည်အသွေးမြင့် နာမည်ကျော်အမှတ်တံဆိပ်ပစ္စည်းအရောင်းသမားများကို မိမိကုန်ပစ္စည်းစစ်မှန်ကြောင်းအထောက်အထားများပြမှသာ တင်ရောင်းခွင့်ပြုခဲ့ကာ ကြပ်မတ်ခဲ့သည့်အတွက် အမေရိကန်၏စွပ်စွဲမှုက မဖြစ်နိုင်ကြောင်း Taobaoမှ ပြောခဲ့သည်။ သို့ရာတွင် ကုန်ပစ္စည်းတုဆန့်ကျင်ရေးနိုင်ငံတကာအဖွဲ့အစည်း IACCတွင် Alibabaအဖွဲ့ဝင်အဖြစ် ရှိနေမည်ဆိုပါက Gucci Americaနှင့် Michael Korsအပါအဝင် အခြားအမှတ်တံဆိပ်အဖွဲ့ဝင် ၂၅ဝတို့ အဖွဲ့မှ နုတ်ထွက်သွားမည်ဟု ဆန္ဒပြုခဲ့ကြသည့်အတွက် Alibabaကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားခဲ့ကာ စောင့်ကြည့်ခံနေခဲ့ရခြင်းဖြစ် သည်။၂၀၁၄ခုနှစ် စက်တင်ဘာလ နယူးယောက်စတော့အိတ်ချိန်းမှတ်တမ်းအရ ထိုစဉ်က Alibaba၏ တန်ဖိုး ၂၅ဘီလီယံထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
http://pyimyanmarnews.com/index.php/international/1945-alibaba
Loading...