Breaking News


ရန်ကုန်လေဆိပ်တွင် တွေ့ရှိသော M-150 အချိုရည် ပုလင်းများမှာ ဒဏ်ကြေလိမ်းဆေး အဆီသာ ဖြစ်ဟုဆို


Loading...


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှိ ဘန်ကောက်လေကြောင်းလိုင်း၏ လေယာဉ်လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်မှ တွေ့ရှိရသော M-150 အချိုရည် ပုလင်းများတွင် ဓာတုဗေဒ ပစ္စည်းများ မပါဝင်ဘဲ ဒဏ်ကြေလိမ်းဆေး အဆီများသာ ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နံနက် ၉ နာရီခွဲက ကြွပ်ကြွပ်အိတ် အစိမ်းရောင်တစ်လုံး အတွင်းရှိ M-150 အချိုရည် လေးပုလင်းအတွင်း အဝါရောင် အရည်ပျစ်ပျစ်များကို ထည့်ထားသည်ကို မသင်္ကာဖွယ် တွေ့ရှိစစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ သိရှိရခြင်း ဖြစ်သည်။

“ရိုးရိုးတန်းတန်း လိမ်းဆေးဆီလို ဟာမျိုးပါ။ ဘာကမ်မီကယ်မှ မပါဝင်ပါဘူး။ သဘောက ခရီးသည်က လေယာဉ်ပေါ် တင်မလို့ ထည့်လာတာ။ အဲ့ဒါမျိုးကို တင်လို့မရလို့ ဖယ်ထားခဲ့တဲ့ သဘောပါ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ M-150 အချိုရည်ပုလင်းများ တွေ့ရှိရမှုအတွက် CCTV ကင်မရာမှ တစ်ဆင့် ခြေရာခံကာ ယင်းအချိုရည် ပုလင်းများ ထားခဲ့သည့် ခရီးသည်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ၎င်းက ဆက်ရှင်းပြသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
http://thevoicemyanmar.com/news/4016-ygl
Loading...