KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက် တစ်ဦးအား သေဆုံးလျက်တွေ့ရှိ

_________________________________________________________

KIA/TNLA/MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ
၂၁ ရက် မွန်းလွဲပိုင်းက ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းရွာအနီးရှိ
အောရီယမ်တယ်လ် ဟိုင်းဝေးတိုးဂိတ်မှ ဖမ်းဆီးခေါ်ဆောင်
သွားခဲ့သည့် ၀န်ထမ်းသုံးဦးအနက် ကျော်ဇင်ဦးမှာ ယင်းနေ့တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ရှိသူ နှစ်ဦးအနက် ဦးတင့်နိုင်အား
နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက နမ့်ဖတ်လွန်းကျေးရွာ အနီးရှိ တောစပ်၌ ယာလည်ပင်းမှ ဦးခေါင်းအထိ ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်၊ နောက်ကျောခါးရိုးမှ ဗိုက်အထိ ကျည်ဖောက်ထွက် ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့သည်။ ကျန်တစ်ဦးအား ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။
Loading...